f သူရဲကောင်း ၄ ဦးဆိုတာ ဘယ်သူတွေလဲ | Varnak Thuthang Blogger Widgets

Varnak Thuthang Blog pin ang no in na muak si ung..... Pathian in Damnak, Tsimnak, Lawhdingnak, Thinnuamnak na pe tasen....
 

Saturday 14 April 2012

သူရဲကောင်း ၄ ဦးဆိုတာ ဘယ်သူတွေလဲ

0 Midang Ruat Daan

ဓာတ်ပုံ - nld


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ မျှော်လင့်ထားတာထက် ပိုပြီး အောင်နိုင်မှုရလိုက်တဲ့ သဘောကိုတွေ့ရမှာပါ။

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့တို့
သင်္ကြန်မတိုင်ခင်က တွေ့ဆုံစဉ်မှာ တော့ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်က သူရဲကောင်း ၄ ဦးကို ဂုဏ်ပြုစကား ဆိုခဲ့တာပါ။

“ကျွန်မ အထူးသဖြင့် ဂုဏ်မပြုပဲ မနေနိုင်တာကတော့ နေပြည်တော်က ကိုယ်စားလှယ် လေးယောက် ပါပဲ” လို့ ဒေါ်အောင်ဆန်းစုကြည်က အမှာစကားမှာ ထည့်သွင်းပြောခဲ့တာပါ။


နေပြည်တော်မှာ သူတို့ ၄ ဦး ဘယ်လောက် ပင်ပန်းမယ် ဆိုတာ သိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။


ဒီစကားကို ထောက်ရှု့ရင် နေပြည်တော်မှာ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်လိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် မျှော်လင့်မထားတာ ဖြစ်လာတယ်လို့ ဆိုရမလားပဲ။


နေပြည်တော်သူရဲကောင်း ၄ ဦးကတော့


ဒေါ်စန္ဒာမင်း (ဇဗ္ဗျူသီရိ မဲဆန္ဒနယ်မြေ)

ဦးနိုင်ငံလင်း (ဒက္ခိဏသီရိ မဲ ဆန္ဒနယ်မြေ)

ကိုဇေယျသော် (ပုဗ္ဗသီရိ မဲဆန္ဒနယ်မြေ)

ဦးမင်းသူ (ဥတ္တရသီရိ မဲဆန္ဒနယ်မြေ) တို့် ဖြစ်ကြပါတယ်။

No comments:

Post a Comment