f Varnak Thuthang Blogger Widgets

Varnak Thuthang Blog pin ang no in na muak si ung..... Pathian in Damnak, Tsimnak, Lawhdingnak, Thinnuamnak na pe tasen....
 
Showing posts with label Mawinak. Show all posts
Showing posts with label Mawinak. Show all posts

Friday, 26 September 2014

Nupang le Damnak (Part 2)

0 Midang Ruat Daan

1. Maiphiah ngawl zau


                           Nupang te tsa mai heh a thupiber lam si'n mai ngek thei nak tuh tsa a tangka khen 3 ah khen khat mang veng si. Tu san heh tumalai abang sileh ngawlla in mai noih tuh a phunphun mang teen ongla si si. Kawl ram heh hun pa 3 (tsuur,khaal le khawsik) om atsia tsimi hun pa 3 a theng bangin kei mai, kei taksa khen theng deve si. Mi tamsawn in maiphiah nak a pha mang zo teen ngawl si sing. Sappia thaw mai kei phiah thualthual nak heh a ngaingai ti lekhaw thiang vet ngawl si. Mainoih hem heh taksa belh thei nak tuh le a zawng mawi thei nak tuh ah Cream rawi tei nak si. Tsimi mi make-up kei mang phang kei mai tsksa vun ah belh pek in phatak no in maiphiah ngawl lekhaw pai zo ngawl si. Tangka nei te'n tsimi a bal pai thei nak tuh ah Cleansing Cream le Moisture lotion te mang si. A mang dan heh mai ah noih masa atsia minute 5 lun kuttung thaw nawi (massage) tselh phang pat nemno thaw hu leh nak si. Kei vun kaw sunga a bal te suak tiar atsia tsimi a bal kheh pat in rawt berh leh si.
                             Man tampi man thilri kei mang zo ngawl pelhta a si khen etphet no ah mai kei phiah a si lekhaw a bal a veksen a pai zo ngawl pelhta a si khen maise nak pin tampi kham sak si. Make-up oih tsimi maiphiah ngawl pi in kei zaupi,eihmu pi si lekhaw mai taksa ei sak bek ah zo ngawl huih lak pin a leng zeem te taksa sungah lut atsia vun cencer tian ngah thei si. Tsimi a si ta zan zau tu phang maiphiah tu thazawng in zau popo mahnen.



2. Ti in ralring


                 Ti heh minung te nunnak si pelh napikhaw nupang ten ti in ralring min tuh om si. Ralring kul tiphang thi thei tinak si ngawl si. Taksa mawi, taksa momthut thei nak tuh tselh ngawlin inn tuh sawn si. Ruangrai mawi na deih lekhaw ti in pha ngawl hun om si. Tsimi hun heh laiei thah ti in le laiei tselh tang ti in kheh si si. Tsimi hun pa 2 ah ti tampi na in a si lekhaw na taksa thau tu atsia a ruangrai mawinak pai tu si. Laiei tselh miute 10 zawh ah in leh theihnung ongla si. Kei laimi te ruangrai mawi ngawl a tam aheh dan nei lem ngawl ah ti in veng ta si ti asin sual lem tu ngawl si. Ram dang ruangrai maw nupang te laiei phang ti in ngawl tamsawn si. Ani te hawhpi dan heh a vum lama hun pa 2 ah ti in ngawl, zing lam lai ur ei atsia sim lai dawmno ei in ti tampi in tu tiheh si si. Taksa sungah a sii daat dawm tsia taksa vun mom tiar si. Nungpang te tsa bek si ngawl Mipa te tsa khen si si.

# Phadei tsate damnak tsa thu khamkhat no rel aw ti asin ah,"Ti tampi in un" titu sing. Heitasim tiphang kei kal natnak thaw khawla tiar ta si.

Ka rual kal nat nei pa in tihen ka rel awng si," Pathian in ka kal nat a dam tiar leh asin tselh ngawlin ti in tu sing" ti si.

Sunday, 21 September 2014

Nupang le Damnak (Part 1)

0 Midang Ruat Daan

1. A rit Bag phur


               Khawpi sung khangno tamsawn in pulam ah a vak phang Bag pai teen si. Mipa te thaw a bangdun ngawl nak heh anih te'n a kohno mur sensii, make-up,limlang te pinpan keng veng si.  Malaysia TV7 sung Bella program sunga ka mu nak pakhat heh Shopping vek nupang te Bag keng nak te pakhat zawh pakhat in tuai a teh phang 15kg kiangkap ruakruak si. A mahnin khen tizah Kg kim tu a um ban ten ngawl ta si mak ti teen si. Tsimi ta pulam reipi ha/pai kul tu a si lekhaw a si theihtawk in a dawm theiber thun in. Tsillem na suak tu lekhaw vang poi ngawl si. Big rit ha rei phang ko taksa in tuar ngawl si. Theih beih nak ah tsa nei Nu tea heita ko ah thiise a nei. Nau a put ta kheh si si.

2. Kawngdam (kezep) sang bun


              Kawngdam sang bun heh a mawi ngaingai ti teen tu um sing. A tsuangtung in nupang ten puai a om phang bun atsia mipi maiah mai ngal nak ngah ti'n bun teen si. Mawi ngaingai pelh atsia a dawl lamah a pha ngawl nak om si. Kawngdam sang leita ngawl a khawthu thek te vang poi ngawl si. Kawngdam sang bun phangin thei tuh nak pakhat a om heh taksa 50kg (zaraan) pi aheh ruh tawng sul, tongdun tangtang a si kawngpek kohno pa 2 vumah a ding thei heh kumnung taktak ongla si. Tsimi a rit 50kg a heh khawleido in 20% lun phur atsia 80% heh khawngpek phur tiar aheh kawngpek in a rei tuar zo ol maw? Tsimi bek silai ngawl kawngzung pa 5 te kheh lom pek in a kaw kohno sungah thunpek phang kawng zung ruh ten a rei tuar zo ol maw ti heh tutu in khen ruat thei tu um sing. Ma kawngpek khen maisong nom ngawl in midang te eng menah kei thun pek a si lekhaw a masaber heh kawngdam (kezep) a rei awh tu ngawl atsia a pa 2 ah vun se tiar si. a pa 3 nak ah kawng ruh te natnak pe in ruh canser tian ngah thei si. Mawi ot men ah mah thaw kaih ngawl kawngdam sang leita bun aheh kawng ruh bek zo ngawl du khatu ang nak el ruh tian na thei lai si.

Wednesday, 25 July 2012

*ချွေးပေါက်ကျဉ်းပြီး တင်းရင်းတဲ့အသားအရေ

0 Midang Ruat Daan
Photo: ****ချွေးပေါက်ကျဉ်းပြီး တင်းရင်းတဲ့အသားအရေ****


သင့်ချွေးပေါက်တွေဟာ မှန်ဘီလူးအောက်ရောက်နေသလို ကျယ်နေလို့ စိတ်ညစ်နေလား??? စိတ်မညစ်ပါနဲ့။ ချွေးပေါက်ကျဉ်းစေတဲ့ လွယ်ကူတဲ့နည်းလေးတွေရှိပါတယ်။ ချွေးပေါက်လေးတွေ ပြန်ကျဉ်းအောင်က အပေါ်က ချွေးပေါက်ကျယ်စေတဲ့အကြောင်းတွေကိုလည်း သတိထားရပါမယ်။ ပြီးတော့ ချွေးပေါက်လေးတွေ ကျဉ်းသွားအောင် လုပ်ဆောင်ရမှာတွေကို ပြောပြပေးမယ်နော်။


အသားအရေထိန်းသိမ်းမယ်
''''''''''''''''''''''''''''''''''''''''''''''''''''''''''''

- အဆီပိုတွေနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်တွေပိုကျယ်လာစေပြီး ၀က်ခြံတွေလည်း ဖြစ်စေတော့ အသားအရေကို သေချာသန့်စင်ပေးဖို့ အရေးကြီးတယ်နော်။
- တစ်ရက်ကို ၂ ကြိမ် ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ Facial Cleanser နဲ့ မျက်နှာသစ်ပေးပါ။
- ညဘက် ဘယ်လောက်ပဲအိပ်ချင်နေပါစေ မိတ်ကပ်တွေဖျက်ပြီးမှ အိပ်ပါ။
- မျက်နှာသစ်ပြီးတိုင်း Toner သုံးပေးရမယ်နော်။
- ဗီတာမင်စီပါတဲ့ ခရမ်တွေကို လိမ်းပေးရင်လည်း အသားအရေကို သန့်စင်စေသလို အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးလို့ ချွေးပေါက်တွေကျဉ်းစေဖို့ အထောက်အကူ ပေးပါတယ်။
- ဆဲလ်အသေတွေကို သေချာဖယ်ရှားနိုင်ဖို့ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် Scrud နဲ့ မျက်နှာချေးချွတ်ပါ။
- တစ်ပတ်ကိုတစ်ကြိမ် မျက်နှာပေါင်းတင်ပေးဖို့လည်း မမေ့ပါနဲ့။ ချွေးပေါက်တွေကို သန့်စင်စေတဲ့ မျက်နှာပေါင်းတင်ကပ်ခွာ (Pore refining mark) ကို သုံးပေးတာပိုကောင်းပါတယ်နော်။
- Alpha Hydroxy Acid (AHA) 10% ပါတဲ့ လိမ်းဆေးတွေကို သုံးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။


နေရောင်ခြည်ဒဏ်က ကာကွယ်မယ်
'''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''

- နေရောင်ခြည်က အသားအရေရဲ့ တကယ့်ရန်သူပဲနော်။
- ချွေးပေါက်တွေကျယ်စေတဲ့ အဓိကအချက်လည်း ဖြစ်နေတော့ ဒီဆိုးကျိုးအရမ်းပေးတဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်မယ်။
- နေရောင်ကာကွယ်ဆေးတွေ လိမ်းမယ်။
- နေကာမျက်မှန်၊ ထီး၊ ဦးထုပ်ပါမှ အပြင်ထွက်ကြမယ်လေ။


မိတ်ကပ်ကို အားမကိုးပါနဲ့
''''''''''''''''''''''''''''''''''''''''''''''''''''''''

- ချွေးပေါက်တွေကို ဖုံးအောင်ဆိုပြီး မိတ်ကပ်တွေကို အထူကြီးလိမ်းမလို့လား။ မလုပ်လိုက်နဲ့နော်။
- သင့်အရေပြားလေး ကောင်းကောင်းအသက်ရှုပါစေလား။
- မိတ်ကပ်ကို အထူကြီးလိမ်းလေလေ ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး အသားအရေကို ပိုထိခိုက်လေလေပဲလေ။
- မျက်နှာပြောင်ဖြစ်နေမှာဆိုးရင်တော့ ပေါင်ဒါမှုန့်တွေ၊ ပေါင်ဒါခဲ (Powder Cake) တွေ လိမ်းရင်ကို OK တယ်နော်။
- Oil Control အမျိုးအစားကိုပဲ ရွေးချယ်ဖို့တော့ မမေ့ပါနဲ့။
- မိတ်ကပ်လိမ်းတာ နဲလေ ကောင်းလေပါနော်။
- မိတ်ကပ်လိမ်းရင် အသုံးပြုတဲ့ ရေမြုပ်၊ ဘရှပ် စတာတွေကိုလည်း အမြဲသန့်ရှင်းအောင်ထားပါ။
- ရေမြုပ်၊ ဘရှပ်တွေပေါ်မှာရှိနေတဲ့ အဆီတွေ ဘက်တီးရီးယားတွေဟာ သင့်ချွေးပေါက်တွေထဲကို ၀င်ပြီး ကောင်းကောင်းဒုက္ခပေးနိုင်တယ်လေ။
- အဲဒီတော့ ရေမြုပ်၊ ဘရှပ်တွေကို အမြဲသန့်ရှင်းနေအောင် ဂရုစိုက်ရမယ်နော်။


ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံပြောင်းမယ်
''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''

- ရေကို များများသောက်ပါ။ ဒါမှ ခန္ဓာကိုယ်ထဲက အညစ်အကြေး အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှာလေ။
- အသီးအရွက်၊ အဆီနည်းတဲ့အသား၊ ငါး များများစားပါ။
- ရယ်ဒီမိတ်စားစရာတွေ၊ အချိုတွေ၊ အဆီအဆိမ့်တွေ၊ ကော်ဖီတွေက အရေပြားက အဆီထုတ်လုပ်မှုကို များစေလို့ ချွေးပေါက်ထဲမှာ အဆီတွေကြောင့် ချွေးပေါက်ပိုကျယ်လာစေသလို ချွေးပေါက်ပိတ်ပြီး ၀က်ခြံတွေပါ ဖြစ်စေနိုင်လို့ ဝေးဝေးက ရှောင်ရမယ်နော်။



ချွေးပေါက်လေးတွေ ပြန်ကျဉ်းစေမယ့် သဘာဝရဲ့စွမ်းအားများ
''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''

ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားခြင်းဟာ ချွေးပေါက်တွေကို ပြန်ကျဉ်းစေမယ့် အကောင်းဆုံးနည်းပါပဲ။ ဆဲလ်အသေတွေကို ဖယ်ရှားတာကို အိမ်မှာပဲ သဘာဝပစ္စည်းတွေနဲ့ လုပ်လို့ရတယ်နော်။
- အရင်ဆုံး မျက်နှာသစ်ပါ။
- ပြီးတော့ မျက်နှာသုတ်ပုဝါကို ရေနွေးဆွတ် အရေညှစ်ပြီး မျက်နှာပေါ်ခဏတင်ထားပါ။
- ဒါမှ ချွေးပေါက်တွေကို ပွင့်စေပြီး ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်စေပါတယ်။
- ဂျုံ (သို့) မုန့်ဖုတ်ဆော်ဒါနဲ့ ရေကို ဆတူရောပြီး မျက်နှာပေါ်လိမ်းပါ။
- ခဏနေရင် ရေဆေးချလိုက်ရုံပါပဲ။
- တစ်ပတ်မှာ တစ်ခါထက်တော့ ပိုပြီး မလုပ်မိစေနဲ့နော်.. အလွန်အကျွံလုပ်ရင် အသားအရေကို ထိခိုက်သွားနိုင်တယ်လေ။


ချွေးပေါက်လေးတွေကျဉ်းစေတဲ့ အကုန်အကျလည်းမများ လွယ်ကူအစွမ်းထက်တဲ့ သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်နည်းတွေကိုလည်း လေ့လာကြည့်ရအောင်..။


သခွားသီးနဲ့ ထောပတ်သီး မျက်နှာပေါင်းတင်ဆေး
~~~~~~~~~~~~~~~~~~~~~~~~~~~

- ပါးပါးလှီးထားတဲ့ သခွားသီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ထောပတ်သီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ကြက်ဥအကာ တစ်လုံး၊ နို့မှုန့် လ္ဘက်ရည်ဇွန်း ၂ ဇွန်းအားလုံးကို သေချာသမပြီး ပျစ်ပျစ်လေးဖြစ်သွားအောင် Blender နဲ့ ရောမွှေလိုက်နော်။
- ရရှိလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းမှာ နှံ့စပ်အောင်လိမ်းပေးပါ။
- ၃၀ မိနစ် (သို့) ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ အရင်ဆေးချပြီး ရေအေးနဲ့ ပြန်ဆေးလိုက်ပါ။
- မျက်နှာနဲ့ လည်ပင်းကို ခြောက်သွေ့အောင် သုတ်ပြီးတဲ့အခါ သင့်ချွေးပေါက်လေးတွေကျဉ်းပြီး နူးညံ့ချောမွေ့နေတဲ့ မျက်နှာလေးကို တွေ့ပြီး သင်လည်း အရမ်းကို ပျော်ရွှင်သွားမှာနော်။


ကြက်ဥနဲ့ သံပုရာသီး မျက်နှာပေါင်းတင်ဆေး
~~~~~~~~~~~~~~~~~~~~~~~~

- သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး ကြက်ဥအကာတစ်လုံးနဲ့ ၃ မိနစ်ခန့်ကြာအောင် ခေါက်မွှေပါ။
- ပြီးတော့ မျက်လုံးတ၀ှိက်ကို ချန်ထားပြီး မျက်နှာအနှံ့လိမ်းလိုက်ပါ။
- ၃၀ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးချပြီး အစိုဓာတ်ထိန်းခရမ်တစ်ခုခု လိမ်းပေးလိုက်ရင် ချွေးပေါက်လေးတွေကျဉ်းပြီး လန်းဆန်းချောမွေ့နေတဲ့ မျက်နှာလေးကို ရရှိပါလိမ့်မယ်နော်။


ငှက်ပျောသီးနဲ့ ပျားရည် မျက်နှာပေါင်းတင်ဆေး
~~~~~~~~~~~~~~~~~~~~~~~~~~

- ဒါကတော့ အလွယ်ဆုံးနည်းလေးပါပဲ။
- ချေထားတဲ့ ငှက်ပျောသီးနဲ့ ပျားရည်ကိုရော သမအောင်မွှေပြီး အနှစ်ပျစ်ပျစ်လေးရလာတဲ့အခါ မျက်နှာပေါ်မှာ လိမ်းပါ။
- ၁၀ မိနစ်နေရင် ရေနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။
- အရမ်းလွယ်တယ်နော်.. ဒါပေမယ့် အရမ်းလည်း အစွမ်းထက်ပါတယ်။
- ငှက်ပျောသီးမှာပါတဲ့ သဘာဝအက်စစ်က ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးပြီး ပျားရည်က အသားအရေကို နူးညံ့ချောမွေ့စေတယ်လေ။
- ဒီနည်းနဲ့ပဲ ချွေးပေါက်လေးတွေကို ကျဉ်းစေတာပါ။
- ငှက်ပျောသီးအစား ချေထားတဲ့ စပျစ်သီး (သို့) စတော်ဘယ်ရီသီးနဲ့ ပျားရည်ကို ရောပြီးတော့လည်း လုပ်လို့ရတယ်နော်။



ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေ
^^^^^^^^^^^^^^^^^^^^^^

- ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေဆိုတော့ စိတ်ဝင်စားသွားပြီ ဟုတ် ??
- ချွေးပေါက်တွေ ချက်ချင်းကျဉ်းစေဖို့အတွက် အအေးဓာတ်ကို သုံးရမှာပါ။
- နို့ထဲမှာပါတဲ့ လက်တစ်အက်စစ်လို့ခေါ်တဲ့ Alpha Hydroxy Acid ဟာ အသားအရေကို နူးညံ့ချောမွေ့စေသလို ဆဲလ်အသစ်ပွားတာကိုလည်း အားပေးတယ်လေ။
- အဲဒီတော့ အအေးဓာတ်နဲ့ နို့ရဲ့ အစွမ်းတွေကို အသုံးချပြီး ချွေးပေါက်တွေကျဉ်းအောင် လုပ်ကြစို့နော်။
- အ၀တ်သန့်သန့်တစ်ခုကို အအေးခံထားတဲ့နို့ထဲ နှစ်လိုက်ပါ။
- အ၀တ်မှာ ပိုနေတဲ့နို့တွေကို ညှစ်လိုက်ပြီး အ၀တ်ကိုမျက်နှာပေါ် ကပ်ထားပါ။
- ၅-၁၀ မိနစ်ကြာတဲ့အခါ အ၀တ်ကိုဖယ်ပြီး ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။
- ဒီနည်းလေးဟာ ချွေးပေါက်တွေကို ယာယီကျဉ်းသွားစေပြီး အသားအရေကို ချောမွေ့သွားစေသလို ချွေးပေါက်တွေထဲကို မိတ်ကပ်တွေ မ၀င်အောင်လည်း ကာကွယ်ပေးပါတယ်။
- အားလုံးအတွက် အသုံးတည့်မှာပါနော်။

ရင်နှင်းအပေါ်မှာ ပြောပြခဲ့တာလေးတွေကို သေချာလိုက်လုပ်ပေးရင် ချွေးပေါက်လေးတွေ တဖြည်းဖြည်းကျဉ်းလာမယ့်အပြင် အသားအရေလည်း တကယ်ကို လှလာမှာနော်။ ချွေးပေါက်တွေကျဉ်းပြီး တင်းရင်းချောမွေ့လှပတဲ့ မျက်နှာလေးကို မြန်မြန်ပိုင်ဆိုင်နိုင်ပါစေရှင်။ :pray

သင့်ချွေးပေါက်တွေဟာ မှန်ဘီလူးအောက်ရောက်နေသလို ကျယ်နေလို့ စိတ်ညစ်နေလား??? စိတ်မညစ်ပါနဲ့။ ချွေးပေါက်ကျဉ်းစေတဲ့ လွယ်ကူတဲ့နည်းလေးတွေရှိပါတယ်။ ချွေးပေါက်လေးတွေ ပြန်ကျဉ်းအောင်က အပေါ်က ချွေးပေါက်ကျယ် စေတဲ့အကြောင်းတွေကိုလည်း သတိထားရပါမယ်။ ပြီးတော့ ချွေးပေါက်လေးတွေ ကျဉ်းသွားအောင် လုပ်ဆောင်ရမှာတွေကို ပြောပြပေးမယ်နော်။


အသားအရေထိန်းသိမ်းမယ်
''''''''''''''''''''''''''''''''''''''''''''''''''''''''''''

- အဆီပိုတွေနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်တွေပိုကျယ်လာစေပြီး ၀က်ခြံတွေလည်း ဖြစ်စေတော့ အသားအရေကို သေချာသန့်စင်ပေးဖို့ အရေးကြီးတယ်နော်။
- တစ်ရက်ကို ၂ ကြိမ် ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ Facial Cleanser နဲ့ မျက်နှာသစ်ပေးပါ။
- ညဘက် ဘယ်လောက်ပဲအိပ်ချင်နေပါစေ မိတ်ကပ်တွေဖျက်ပြီးမှ အိပ်ပါ။
- မျက်နှာသစ်ပြီးတိုင်း Toner သုံးပေးရမယ်နော်။
- ဗီတာမင်စီပါတဲ့ ခရမ်တွေကို လိမ်းပေးရင်လည်း အသားအရေကို သန့်စင်စေသလို အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးလို့ ချွေးပေါက်တွေကျဉ်းစေဖို့ အထောက်အကူ ပေးပါတယ်။
- ဆဲလ်အသေတွေကို သေချာဖယ်ရှားနိုင်ဖို့ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် Scrud နဲ့ မျက်နှာချေးချွတ်ပါ။
- တစ်ပတ်ကိုတစ်ကြိမ် မျက်နှာပေါင်းတင်ပေးဖို့လည်း မမေ့ပါနဲ့။ ချွေးပေါက်တွေကို သန့်စင်စေတဲ့ မျက်နှာပေါင်းတင်ကပ်ခွာ (Pore refining mark) ကို သုံးပေးတာပိုကောင်းပါတယ်နော်။
- Alpha Hydroxy Acid (AHA) 10% ပါတဲ့ လိမ်းဆေးတွေကို သုံးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။


နေရောင်ခြည်ဒဏ်က ကာကွယ်မယ်
'''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''

- နေရောင်ခြည်က အသားအရေရဲ့ တကယ့်ရန်သူပဲနော်။
- ချွေးပေါက်တွေကျယ်စေတဲ့ အဓိကအချက်လည်း ဖြစ်နေတော့ ဒီဆိုးကျိုးအရမ်းပေးတဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်မယ်။
- နေရောင်ကာကွယ်ဆေးတွေ လိမ်းမယ်။
- နေကာမျက်မှန်၊ ထီး၊ ဦးထုပ်ပါမှ အပြင်ထွက်ကြမယ်လေ။


မိတ်ကပ်ကို အားမကိုးပါနဲ့
''''''''''''''''''''''''''''''''''''''''''''''''''''''''

- ချွေးပေါက်တွေကို ဖုံးအောင်ဆိုပြီး မိတ်ကပ်တွေကို အထူကြီးလိမ်းမလို့လား။ မလုပ်လိုက်နဲ့နော်။
- သင့်အရေပြားလေး ကောင်းကောင်းအသက်ရှုပါစေလား။
- မိတ်ကပ်ကို အထူကြီးလိမ်းလေလေ ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး အသားအရေကို ပိုထိခိုက်လေလေပဲလေ။
- မျက်နှာပြောင်ဖြစ်နေမှာဆိုးရင်တော့ ပေါင်ဒါမှုန့်တွေ၊ ပေါင်ဒါခဲ (Powder Cake) တွေ လိမ်းရင်ကို OK တယ်နော်။
- Oil Control အမျိုးအစားကိုပဲ ရွေးချယ်ဖို့တော့ မမေ့ပါနဲ့။
- မိတ်ကပ်လိမ်းတာ နဲလေ ကောင်းလေပါနော်။
- မိတ်ကပ်လိမ်းရင် အသုံးပြုတဲ့ ရေမြုပ်၊ ဘရှပ် စတာတွေကိုလည်း အမြဲသန့်ရှင်းအောင်ထားပါ။
- ရေမြုပ်၊ ဘရှပ်တွေပေါ်မှာရှိနေတဲ့ အဆီတွေ ဘက်တီးရီးယားတွေဟာ သင့်ချွေးပေါက်တွေထဲကို ၀င်ပြီး ကောင်းကောင်းဒုက္ခပေးနိုင်တယ်လေ။
- အဲဒီတော့ ရေမြုပ်၊ ဘရှပ်တွေကို အမြဲသန့်ရှင်းနေအောင် ဂရုစိုက်ရမယ်နော်။


ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံပြောင်းမယ်
''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''

- ရေကို များများသောက်ပါ။ ဒါမှ ခန္ဓာကိုယ်ထဲက အညစ်အကြေး အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှာလေ။
- အသီးအရွက်၊ အဆီနည်းတဲ့အသား၊ ငါး များများစားပါ။
- ရယ်ဒီမိတ်စားစရာတွေ၊ အချိုတွေ၊ အဆီအဆိမ့်တွေ၊ ကော်ဖီတွေက အရေပြားက အဆီထုတ်လုပ်မှုကို များစေလို့ ချွေးပေါက်ထဲမှာ အဆီတွေကြောင့် ချွေးပေါက်ပိုကျယ်လာစေသလို ချွေးပေါက်ပိတ်ပြီး ၀က်ခြံတွေပါ ဖြစ်စေနိုင်လို့ ဝေးဝေးက ရှောင်ရမယ်နော်။



ချွေးပေါက်လေးတွေ ပြန်ကျဉ်းစေမယ့် သဘာဝရဲ့စွမ်းအားများ
''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''

ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားခြင်းဟာ ချွေးပေါက်တွေကို ပြန်ကျဉ်းစေမယ့် အကောင်းဆုံးနည်းပါပဲ။ ဆဲလ်အသေတွေကို ဖယ်ရှားတာကို အိမ်မှာပဲ သဘာဝပစ္စည်းတွေနဲ့ လုပ်လို့ရတယ်နော်။
- အရင်ဆုံး မျက်နှာသစ်ပါ။
- ပြီးတော့ မျက်နှာသုတ်ပုဝါကို ရေနွေးဆွတ် အရေညှစ်ပြီး မျက်နှာပေါ်ခဏတင်ထားပါ။
- ဒါမှ ချွေးပေါက်တွေကို ပွင့်စေပြီး ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်စေပါတယ်။
- ဂျုံ (သို့) မုန့်ဖုတ်ဆော်ဒါနဲ့ ရေကို ဆတူရောပြီး မျက်နှာပေါ်လိမ်းပါ။
- ခဏနေရင် ရေဆေးချလိုက်ရုံပါပဲ။
- တစ်ပတ်မှာ တစ်ခါထက်တော့ ပိုပြီး မလုပ်မိစေနဲ့နော်.. အလွန်အကျွံလုပ်ရင် အသားအရေကို ထိခိုက်သွားနိုင်တယ်လေ။


ချွေးပေါက်လေးတွေကျဉ်းစေတဲ့ အကုန်အကျလည်းမများ လွယ်ကူအစွမ်းထက်တဲ့ သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်နည်းတွေကိုလည်း လေ့လာကြည့်ရအောင်..။


သခွားသီးနဲ့ ထောပတ်သီး မျက်နှာပေါင်းတင်ဆေး
~~~~~~~~~~~~~~~~~~~~~~~~~~~

- ပါးပါးလှီးထားတဲ့ သခွားသီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ထောပတ်သီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ကြက်ဥအကာ တစ်လုံး၊ နို့မှုန့် လ္ဘက်ရည်ဇွန်း ၂ ဇွန်းအားလုံးကို သေချာသမပြီး ပျစ်ပျစ်လေးဖြစ်သွားအောင် Blender နဲ့ ရောမွှေလိုက်နော်။
- ရရှိလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းမှာ နှံ့စပ်အောင်လိမ်းပေးပါ။
- ၃၀ မိနစ် (သို့) ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ အရင်ဆေးချပြီး ရေအေးနဲ့ ပြန်ဆေးလိုက်ပါ။
- မျက်နှာနဲ့ လည်ပင်းကို ခြောက်သွေ့အောင် သုတ်ပြီးတဲ့အခါ သင့်ချွေးပေါက်လေးတွေကျဉ်းပြီး နူးညံ့ချောမွေ့နေတဲ့ မျက်နှာလေးကို တွေ့ပြီး သင်လည်း အရမ်းကို ပျော်ရွှင်သွားမှာနော်။


ကြက်ဥနဲ့ သံပုရာသီး မျက်နှာပေါင်းတင်ဆေး
~~~~~~~~~~~~~~~~~~~~~~~~

- သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး ကြက်ဥအကာတစ်လုံးနဲ့ ၃ မိနစ်ခန့်ကြာအောင် ခေါက်မွှေပါ။
- ပြီးတော့ မျက်လုံးတ၀ှိက်ကို ချန်ထားပြီး မျက်နှာအနှံ့လိမ်းလိုက်ပါ။
- ၃၀ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးချပြီး အစိုဓာတ်ထိန်းခရမ်တစ်ခုခု လိမ်းပေးလိုက်ရင် ချွေးပေါက်လေးတွေကျဉ်းပြီး လန်းဆန်းချောမွေ့နေတဲ့ မျက်နှာလေးကို ရရှိပါလိမ့်မယ်နော်။


ငှက်ပျောသီးနဲ့ ပျားရည် မျက်နှာပေါင်းတင်ဆေး
~~~~~~~~~~~~~~~~~~~~~~~~~~

- ဒါကတော့ အလွယ်ဆုံးနည်းလေးပါပဲ။
- ချေထားတဲ့ ငှက်ပျောသီးနဲ့ ပျားရည်ကိုရော သမအောင်မွှေပြီး အနှစ်ပျစ်ပျစ်လေးရလာတဲ့အခါ မျက်နှာပေါ်မှာ လိမ်းပါ။
- ၁၀ မိနစ်နေရင် ရေနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။
- အရမ်းလွယ်တယ်နော်.. ဒါပေမယ့် အရမ်းလည်း အစွမ်းထက်ပါတယ်။
- ငှက်ပျောသီးမှာပါတဲ့ သဘာဝအက်စစ်က ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးပြီး ပျားရည်က အသားအရေကို နူးညံ့ချောမွေ့စေတယ်လေ။
- ဒီနည်းနဲ့ပဲ ချွေးပေါက်လေးတွေကို ကျဉ်းစေတာပါ။
- ငှက်ပျောသီးအစား ချေထားတဲ့ စပျစ်သီး (သို့) စတော်ဘယ်ရီသီးနဲ့ ပျားရည်ကို ရောပြီးတော့လည်း လုပ်လို့ရတယ်နော်။



ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေ
^^^^^^^^^^^^^^^^^^^^^^

- ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေဆိုတော့ စိတ်ဝင်စားသွားပြီ ဟုတ် ??
- ချွေးပေါက်တွေ ချက်ချင်းကျဉ်းစေဖို့အတွက် အအေးဓာတ်ကို သုံးရမှာပါ။
- နို့ထဲမှာပါတဲ့ လက်တစ်အက်စစ်လို့ခေါ်တဲ့ Alpha Hydroxy Acid ဟာ အသားအရေကို နူးညံ့ချောမွေ့စေသလို ဆဲလ်အသစ်ပွားတာကိုလည်း အားပေးတယ်လေ။
- အဲဒီတော့ အအေးဓာတ်နဲ့ နို့ရဲ့ အစွမ်းတွေကို အသုံးချပြီး ချွေးပေါက်တွေကျဉ်းအောင် လုပ်ကြစို့နော်။
- အ၀တ်သန့်သန့်တစ်ခုကို အအေးခံထားတဲ့နို့ထဲ နှစ်လိုက်ပါ။
- အ၀တ်မှာ ပိုနေတဲ့နို့တွေကို ညှစ်လိုက်ပြီး အ၀တ်ကိုမျက်နှာပေါ် ကပ်ထားပါ။
- ၅-၁၀ မိနစ်ကြာတဲ့အခါ အ၀တ်ကိုဖယ်ပြီး ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။
- ဒီနည်းလေးဟာ ချွေးပေါက်တွေကို ယာယီကျဉ်းသွားစေပြီး အသားအရေကို ချောမွေ့သွားစေသလို ချွေးပေါက်တွေထဲကို မိတ်ကပ်တွေ မ၀င်အောင်လည်း ကာကွယ်ပေးပါတယ်။
- အားလုံးအတွက် အသုံးတည့်မှာပါနော်။

ရင်နှင်းအပေါ်မှာ ပြောပြခဲ့တာလေးတွေကို သေချာလိုက်လုပ်ပေးရင် ချွေးပေါက်လေးတွေ တဖြည်းဖြည်းကျဉ်းလာမယ့်အပြင် အသားအရေလည်း တကယ်ကို လှလာမှာနော်။ ချွေးပေါက်တွေကျဉ်းပြီး တင်းရင်းချောမွေ့လှပတဲ့ မျက်နှာလေးကို မြန်မြန်ပိုင်ဆိုင်နိုင်ပါစေရှင်။ :pray
MSL

Saturday, 21 July 2012

အရွယ် တင်နုပျို လိုသူတိုင်း ညဘက် လုပ်သင့်သည့် အသား အရေ ထိန်းသိမ်းနည်း

0 Midang Ruat Daan

တစ်နေ့လုံး အလုပ်မှာ ပင်ပင် ပန်း ပန်း လုပ်ခဲ့ရ၊ ကလေး တွေကို ထိန်းခဲ့ ရ၊ ကြမ်းတမ်း တဲ့ ပတ်ဝန်း ကျင် အခြေအနေ နဲ့ ထိတွေ့ခဲ့ရ.. ဒီလိုအချက်တွေကြောင့် ကျွန်မတို့ရဲ့ အသားအရေဟာ ထိခိုက် ညစ်နွမ်းနေနိုင်ပါတယ်။ ဒီလိုထိခိုက်ပျက် စီးတာ အချိန်ကြာလာရင် အသားအရေ အိုမင်းလာပြီး အရွယ်မတိုင်ခင် အိုမင်းမှု ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အ သားအရေကို ထိန်းသိမ်းဖို့ အရေးကြီးပါ တယ်။ ညဘက်မှာ အသားအရေ ထိန်းသိမ်း မှုလုပ်တာကြောင့် အရေပြားရဲ့ တင်းအားနဲ့ အရောင်ကို ကောင်းမွန်စေနိုင်ပြီး အရေ ပြားအပြစ်အနာအဆာတွေကို လျော့ကျစေ ကာ အရေပြားကို စိုပြည်တင်းရင်း လှပ စေပါတယ်။ ညဘက်မှာ အသားအရေကို ကောင်းကောင်းထိန်းသိမ်းမှုလုပ်တာကြောင့် အရေပြားကို လေဝင်လေထွက်ကောင်း စေပြီး အနာကျက်စေကာ အရေပြားကို တင်းရင်းလှပစေပါတယ်။ အောက်ပါတို့က ညဘက် အသား အရေထိန်းသိမ်းနည်းအတွက် အခြေခံအ ချက်တွေ ဖြစ်ပါတယ်။
(၁) မိတ်ကပ်ဖျက်ဆေး သင်က မိတ်ကပ်လိမ်းသူဖြစ်ရင် ပ ထမဆုံးအချက်က မိတ်ကပ်ဖျက်ဖို့ အမျိုး အစားကောင်းတဲ့ မိတ်ကပ်ဖျက်ဆေး (Make-up Remover) ကို သုံးပါ။ ဒီလို နည်းနဲ့ မိတ်ကပ်တွေကို ဖယ်ရှားလိုက်တဲ့ အခါ မျက်နှာသစ်ပြီးရင် သင့်မျက်နှာမှာ အညစ်အကြေးနဲ့ မိတ်ကပ်တွေြွကင်း ကျန်ကပ်ငြိတာမျိုးမဖြစ်ဘဲ သန့်စင်သွား ပါလိမ့်မယ်။ ပြီးရင် အရေပြားရဲ့ စံ ဓာတ်ကို ဟန်ချက်ညီအောင် ထိန်းဖို့ အယ်လ်ကိုဟောမပါတဲ့ တိုနာထဲစိမ်ထား တဲ့ ဂွမ်းစနဲ့ ပွတ်ပေးလိုက်ရင် အဆီတွေပါ ကင်းသွားပါလိမ့်မယ်။
(၂) မျက်နှာသစ်ဆေး မျက်နှာနဲ့ လည်ပင်းအရေပြားကို မျက် နှာသစ်ဆေးလိမ်းပြီး ညင်ညင်သာသာ နှိပ် နယ်ပေးပါ။ ပြီးမှ ကြက်သီးနွေးရေကို သုံး ပြီး မျက်နှာနဲ့ လည်ပင်းကို သေချာ ဆေး ကြောပေးပါ။ မျက်နှာသစ်ဆေးနဲ့သစ်တာ ကြောင့် အရေပြားပေါ်က အညစ်အကြေး တွေနဲ့ ပိုးမွှားတွေကို ကင်းစင်စေပါတယ်။ ကြက်သီးနွေးရေက ချွေးပေါက်ကို ပွင့်စေ ပြီး ချွေးပေါက်ထဲက အညစ်အကြေးတွေ ကို ထွက်ရှိသွားစေပါတယ်။ ပြီးရင် မျက်နှာ ကို ခြောက်သွေ့အောင် သုတ်ပေးပါ။
(၃) အိုင်းခရင်မ် မျက်ဝန်းတစ်ဝိုက်မှာ အဆီဂလင်း မရှိတဲ့အတွက် မျက်ဝန်းတစ်ဝိုက် အရေ ပြားမှာ အိုင်းခရင်မ်လိမ်းတာက အရေပြား ကို အားဖြည့်ပေးပြီး မျက်ဝန်းအိတ်ဖောင်း တာနဲ့ မျက်ကွင်းညိုတာတို့ကို လျော့ကျ စေနိုင်ပါတယ်။ ညဘက်မှာ အိုင်းခရင်မ် လိမ်းပြီးမှ အိပ်ရာဝင်ပါ။
(၄) နှုတ်ခမ်းထိန်းသိမ်းမှု နှုတ်ခမ်းသားကို ကြက်သီးနွေးရေထဲ ဆွတ်ထားတဲ့၊ နူးညံ့ပျော့ပျောင်းတဲ့ အဝတ် စနဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ ဒီ လိုလုပ်ပေးရင် ခြောက်သွေ့နေတဲ့ အရေ ပြားပေါ်က ဆဲလ်သေတွေကို ကင်းစင်စေ ပါတယ်။ ပြီးရင် နှုတ်ခမ်းသား စိုပြည် တင်းရင်းအောင် နှုတ်ခမ်းဆိုးဆေး အဆီ ဆိုးပေးပါ။
(၅) အစိုဓာတ်ထိန်းခရင်မ် အရေပြားကို စိုပြည်စေမယ့် အစို ဓာတ်ထိန်းခရင်မ်ကို လိမ်းပါ။ အစိုဓာတ် ထိန်းခရင်မ်ကို ရွေးချယ်ရာမှာ ဓာတုပစ္စည်း မပါတာရွေးပါ။ ကောင်းမွန်တဲ့ အစိုဓာတ် ထိန်းခရင်မ်ဟာ အရေပြားဆဲလ်သေ၊ လေ ထုညစ်ညမ်းမှုနဲ့ အညစ်အကြေးတွေ ကြောင့် အရေပြားညစ်နွမ်းမှုတို့ မဖြစ် အောင် ကာကွယ်ပေးပြီး အရေပြားကို ဗီ တာမင်နဲ့ သတ္တုဓာတ်တွေရရှိအောင် ပံ့ပိုး ပေးပါတယ်။ ဒါ့အပြင် ဆဲလ်သစ်ဖြစ်ပေါ် မှုကို အားပေးပြီး အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင်ဖြစ်ပေါ်မှုကို အားပေးပါ တယ်။ အရေပြားပေါ်က အမည်းစက်၊ အ ရေးကြောင်း၊ သက်ကြီးအစက်အပြောက် နဲ့ ပါးရေတွန့်တာတွေကိုလည်း ကင်းဝေး စေပါတယ်။
Tips
- ညဘက်မှာ အသားအရေထိန်းသိမ်း ဖို့အတွက် အချိန် ငါးမိနစ်လောက်ပဲ လို အပ်ပါတယ်။ နေ့စဉ် အချိန်ငါးမိနစ်ပေး ပြီး အသားအရေထိန်းသိမ်းတာကြောင့် နုပျိုတဲ့ အသွင်ကို ဖြစ်စေရုံသာမက အ ရေပြားကို ချောမွေ့နူးညံ့ကြည်လင်စေပါ တယ်။
- မျက်နှာမှာ မိတ်ကပ်တွေလိမ်းပြီး ဘယ်တော့မှ မအိပ်ပါနဲ့။ မိတ်ကပ်တွေ လိမ်းပြီး အိပ်တာ ကြာလာရင် အသား အရေကို နွမ်းနယ်ထိခိုက်စေနိုင်ပါတယ်။ ဝက်ခြံနဲ့ အဖုအပိမ့်တွေကိုလည်း ဖြစ်စေ နိုင်ပါတယ်။
- အစိုဓာတ်ထိန်းခရင်မ်နဲ့အတှူနမကာ ကိုပါ လိမ်းပေးရင် အသားအရေကို ပိုမို တင်းရင်းစေပါတယ်။ အရေးကြောင်းပါး ပါးထင်နေတဲ့ နေရာတွေကို များများလိမ်း ပြီး အိပ်စက်ပေးပါ။
 
TSF
0 Midang Ruat Daan


မျက်နှာ ချွေးပြန် တာဟာ အဖြစ် များ တဲ့ပြဿနာ တစ်ခုဖြစ် ပြီး အထူး သဖြင့် နွေ ရာသီ လိုမျိုးမှာ အဖြစ်များတတ်ပါတယ်။ ချွေးထွက်များတာကြာလာရင် သင့်ခန္ဓာ ကိုယ်အတွက် ရေဓာတ်ခန်းခြောက်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မျက်နှာပေါ်မှာ ချွေးအရမ်းထွက်တာကတော့ သင့်အ တွက် စိတ်အနှောင့်အယှက်ဖြစ်စေမှာပါ။ ဒါ့ထက်ဆိုးတာက ဘာတွေပဲ လိမ်းခြယ်၊ လိမ်းခြယ် လွယ်လွယ်ကူကူ ပျက်ပြယ်သွား တတ်တာပါပဲ။ သိပ်ကြီးမားတဲ့ပြဿနာ မဟုတ်ဘူးဆိုပေမယ့် ချွေးကနေတစ်ဆင့် အရေပြားမှာ အညစ်အကြေးတွေ ကပ် ကာ ဘက်တီးရီးယားပိုးဝင်ရင် အခြေ အနေက ပိုပြီးဆိုးသွားနိုင်တာကြောင့် ကုသနိုင်တဲ့ နည်းလမ်းသုံးသွယ်ကို ရေး သားလိုက်ပါတယ်။
ရေခဲကပ်ပေးခြင်း
ရေခဲတုံးလေးတွေကို တဘက်တစ် ထည်ထဲ ထည့်ထားပြီး အေးလာချိန်မှာ မျက်နှာပေါ်အနှံ့ လိုက်ကပ်ပေးပါ။ တစ် နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်လောက်ပြုလုပ် ပေးရင် မျက်နှာချွေးပြန်တာကို သက်သာ စေနိုင်ပါတယ်။ ရေခဲကပ်တာဟာ မျက် နှာချွေးပေါက်ကျယ်တာကို သက်သာစေ ပြီး၊ မျက်နှာပေါ်မှာ ချွေးစေးထွက်တာကို သက်သာစေတာကြောင့် မိတ်ကပ်မလိမ်း ခင် ရေခဲကပ်ပေးနိုင်ပါတယ်။ ရေခဲရေနဲ့ မျက်နှာကို ပွတ်သပ် ပေးတာကလည်း တူညီတဲ့ အကျိုးကို ရရှိ စေပါတယ်။
ခရင်မ်နဲ့ လိုးရှင်းကိုရှောင်ပါ
အဆီကို ခြေခံပြီး ထုတ်ထားတဲ့ လိုး ရှင်းနဲ့ ခရင်မ်တွေကို မျက်နှာပေါ်မှာ လုံး ဝမလိမ်းပါနဲ့။ အထူးသဖြင့်နေပူတဲ့အချိန် မျိုးမှာပါ။ အဆီပါဝင်တဲ့ ခရင်မ်တွေ ကြောင့် မျက်နှာကို ပိုပြီးချွေးထွက်စေနိုင် တဲ့အပြင် ဝက်ခြံတွေလည်း ထပ်ပြီးထွက် လာစေပါတယ်။ ရေဓာတ်ပါဝင်တဲ့ ခရင်မ်တွေကို မျက်နှာအရေပြားရေဓာတ် ရရှိဖို့ လိမ်းချင်တယ်ဆိုရင် ညအိပ်ရာဝင် ခါနီးအချိန်မှသာ သုံးပေးပါ။ မနက်အိပ် ရာထချိန်မှ မျက်နှာကို သေချာပြန်ပြီး သန့်စင်ပေးလိုက်ပါ။
သခွားသီးဖျော်ရည်
သခွားရည်ဟာ သဘာဝအသားအ ရေ ထိန်းသိန်းတဲ့အရာတစ်မျိုးဖြစ်ပြီး ပုံမှန် သုံးပေးရင် အသားအရေကို ချော မွေ့လှပကာ ချွေးထွက်များတာကိုလည်း ကုသ ပေးနိုင်ပါတယ်။ သခွားသီးကို ကြိတ်ခြေထားတဲ့အရည်နဲ့ မျက်နှာအနှံ့ မှာ လိမ်းလိုက်ပြီး မိနစ် ၂၀ လောက် ကြာမှ ရေဆေးချလိုက်ပါ။ မျက်နှာမှာ ရေဓာတ်ရရှိစေပြီး အရေပြားကို တင်း ရင်းသွားစေပါတယ်။

Friday, 25 May 2012

ခြေသည်း လက်သည်းမှို

0 Midang Ruat Daan
     
      ခြေသည်းလက်သည်းတွေရဲ့အလှကို ဖျက်စီးတဲ့ထဲမှာ မှိုတွေကလည်း ထိပ်ဆုံးကပါတယ်လေ။ အဲ့ဒီမှိုတွေအကြောင်းကို သူငယ်ချင်းတို့သိအောင် ပြောပြမယ်နော်။ ခြေသည်းလက်သည်းမှိုကို အများဆုံးဖြစ်စေတာက Dermatophytes ဆိုတဲ့ အကောင်လေးတွေပါ။ ပူနွေးစွတ်စိုတဲ့နေရာမှာ ရှင်သန်ပေါက်ရောက်ပွားများတဲ့ ကောင်လေးတွေပေါ့။

                  ခြေသည်းတွေဟာ လက်သည်းတွေထက် ပိုပြီးမှိုစွဲနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လက်သည်းတွေထက် ခြေသည်းတွေကို သွေးရောက်တာ ပိုနည်းတယ်လေ။ အဲ့ဒီတော့ ရောဂါပိုးကို တိုက်နိုင်စွမ်းလည်းပိုနည်းတာပေါ့။ ပြီးတော့ နေရာတကာလျှောက်သွားနေရတဲ့ ခြေထောက်တွေဟာ ရောဂါပိုးတွေနဲ့ ပိုတွေ့ရတယ်။ ပြီးတော့ ရူးဖိနပ်စီးတဲ့သူတွေမှာဆိုရင်  ခြေသည်းတွေဟာ မှောင်မိုက်ပူနွေးပြီး ချွေးတွေနဲ့စိုစွတ်နေတဲ့အခြေအနေမှာ အကြာကြီးနေရပြန်တယ်။ ဒီတော့ ခြေသည်းတွေဟာ ပိုပြီးမှိုစွဲလွယ်တော့တာပေါ့။ အဲ့ဒါကလည်း မှိုတွေပျော်မွေ့တဲ့ အနေအထားမျိုးဆုတော့လေ။
ဘာတွေကြောင့် ဖြစ်တတ်လဲ ??
               ခြေသည်းလက်သည်းမှိုရဲ့အစကတော့ အရေပြားမှိုကနေ စတတ်တယ်။ ဥပမာပြောရရင် ခြေချောင်းလေးတွေကြားမှာဖြစ်တဲ့ အရေပြားမှိုကနေ သေချာမကုရင် ခြေသည်းလေးတွေကိုပါ မှိုစွဲရော။ ခြေချောင်းလေးတွေကို ယားလို့ကုတ်ရင်းနဲ့ လက်သည်းတွေကိုပါ မှိုစွဲလာနိုင်ရော။ 
               ဒါမှမဟုတ်ရင်လည်း ရေနဲ့ ထိတွေ့တာများတဲ့သူတွေပေါ့။ လယ်ထဲ ချောင်းထဲမှာ အလုပ်လုပ်တဲ့သူတွေ။ လက်ခဏခဏဆေးတဲ့သူတွေ၊ အ၀တ်လျှော်၊ ပန်းကန်ဆေး၊ ရေကိုင်တာများရင် လက်သည်းအခြေက အရေပြားလေးက ထိခိုက်ပွန်းပဲ့နိုင်တယ်လေ။ အဲ့ဒီတော့ မှိုတွေက လွယ်လွယ်နဲ့ ၀င်နိုင်ပြီပေါ့။ အဲ့လိုပဲ ခြေသည်းလက်သည်းတွေ ဒဏ်ရာရရင်လည်း ပိုးဝင်နိုင်တယ်လေ။
               တကယ်လို့ ကိုယ်ခံအားနည်းတဲ့အခြေအနေတွေ (AIDS၊ ကင်ဆာဆေးသွင်းခံရတဲ့သူများ)၊ ဆီးချိုရှိသူတွေ၊ သွေးလှည့်ပတ်မှုမကောင်းတဲ့သူတွေ (အသက်ကြီးသူတွေ၊ ဆေးလိပ်အလွန်သောက်တဲ့သူတွေ) မှာတော့ လွယ်လွယ်နဲ့ ခြေသည်းလက်သည်းမှိုစွဲနိုင်ပါတယ်နော်။
               ပြီးတော့ ခြေအိတ်၊ ရူးဖိနပ်တွေ၊ ထိပ်ပိတ်ဖိနပ်တွေ အမြဲဝတ်သူတွေမှာလည်း ချွေးတွေနဲ့ ပိတ်လှောင်ပြီးဖြစ်တတ်တယ်။ အဲဒါနဲ့ ပြောင်းပြန်ကတော့ ဖိနပ်မစီးတဲ့သူတွေပေါ့။ ဖိနပ်လည်းမစီးပဲ ဟိုဟိုဒီဒီလျှောက်သွားရင်လည်း ဖြစ်ပြီသာမှတ်တော့။ အဲဒီ ဟိုဟိုဒီဒီမှာ ညစ်ပတ်တဲ့နေရာတွေတောင် မဟုတ်ဘူးနော်။ စိုစွတ်တဲ့ အများပိုင်နေရာတွေ ရေကူးကန်တို့၊ ရေချိုးခန်းတို့၊ Gym တို့မှာ ဖိနပ်မစီးပဲနေရင်၊ ခြေသည်းလက်သည်းမှာလည်း အပေါက်အပြဲတွေရှိနေရင်၊ ကိုယ်ခံအားကျနေတဲ့အချိန် ဖြစ်နေရင်လည်း ရောဂါပိုးဝင်နိုင်တယ်နော်။ ဒါလေးတွေကို သေချာဂရုစိုက်ပေးမယ်ဆိုရင် ခြေသည်းလက်သည်းမှိုမဖြစ်အောင် ကာကွယ်နိုင်တယ်လေ။
ရောဂါလက္ခဏာများ
Distal Subungual Onychomycosis
ဒီပုံစံမှာ လက်သည်းရဲ့ အဖျားထိပ်လေးတွေမှာ အဖြူရောင်၊ အညိုရောင်၊ အ၀ါရောင်၊ အကွက်လေး တွေပေါ်လာပါတယ်။ လက်သည်းလည်း ကွာလာတတ်တယ်။
White Superficial Onychomycosis
လက်သည်းခြေသည်းတွေမှာ အဖြူရောင်အကွက်လေးတွေ ပေါ်လာတယ်။ လက်သည်းခြေသည်းတွေဟာ ကြမ်းလာတယ်၊ ကြွတ်ဆပ်လာတယ်။
Proximal Subungual Onychomycosis
ဒီပုံစံကတော့ ဖြစ်တာရှားတယ်။ လက်သည်းအရင်းပိုင်းမှာ ဖြူဝါ၀ါအကွက်လေးတွေပေါ်လာပြီး နောက်ပိုင်းမှာ
လက်သည်းတစ်ခုလုံးကို ပြန့်သွားပါတယ်။
Candida infection
ဒီပုံစံကလည်း အဖြစ်များပါတယ်။ ဒီပုံစံမှာ လက်သည်းက ထူပြီး ကြမ်းလာတယ်။ ပြီးတော့ အတွန့် အမြောင်းလေးတွေလည်း ဖြစ်လာတတ်တယ်။   
               ခြေသည်းလက်သည်းမှိုစွဲစမှာ နာလည်းမနာဘူး။ အဖြူကွက် အညိုကွက်တွေပေါ်လာတယ်။ ဆိုးလာတာနဲ့အမျှ ထူလာတယ်။ ကြွတ်ဆပ်လာတယ်။ ကြမ်းလာတယ်။ ပုံပျက်လာတယ်။ တော်တော်ကို ဆိုးလာပြီဆိုရင် နာလာတယ်။ အနံ့နံလာတယ်။ ခြေသည်းလက်သည်း ကွာထွက်တတ်တယ်။ ပထမ တစ်ချောင်းထဲ ဖြစ်တာကနေ တခြားလက်သည်း ခြေသည်းတွေပါ ဖြစ်လာတတ်တယ်။ ကိုယ်ခံအားနည်းတဲ့ AIDS ရောဂါရှင်၊ သွေးကင်ဆာ၊ ဆီးချိုသွေးချို ကိုယ်တွင်းအင်္ဂါ အစားထိုးထားရသူတွေ ပိုးသတ်ဆေး၊ စတီးရွိုက်ဆေး ကြာရှည်စွဲသောက်နေရသူတွေ၊ ကင်ဆာဆေးသွင်းကုသမှုခံယူနေရသူတွေဟာ ပိုးဝင်လွယ်တယ်။ ပြီးရင်လည်း တော်တော်နဲ့ မကောင်းတတ်တာမို့ အရမ်းသတိထားရပါမယ်။
ကုသမှု
                ခြေသည်းလက်သည်း မှိုစွဲတာကို လိမ်းဆေး သောက်ဆေးတွေနဲ့ ကုသလို့ရပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး လိမ်းဆေးနဲ့တင်ပျောက်ကင်းနိုင်သလို သောက်ဆေးတွဲမှ ရတဲ့အခြေအနေတွေလည်း ရှိပါတယ်။ လိမ်းဆေးမှာ Ketoconazole ၊ Clotrimazole လိမ်းဆေး တွေကို တရက် ၂ ကြိမ်မှ ၃ ကြိမ်ကို ၂ပတ်လောက် နေ့တိုင်း စွဲလိမ်းပေးရမယ်နော်။ တကယ်လို့ ရေ၀ဲ၊ သဲဝဲ၊ ပွေးစတဲ့ အရေပြားမှိုတွေ ရှိနေရင်တော့ အဲဒါတွေကိုလည်း ၂ - ၃ ကြိမ် ၂ ပတ်မှ ၁ လထိ လိမ်းပေးရပါမယ်။ သောက်ဆေးတွေကြတော့ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ မသောက်သင့်တဲ့သူတွေလည်းရှိတယ်။ အဲဒါကို ကြာရှည်စွဲသောက်ရမှာဆိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်တာမို့ မပြောတော့ဘူးနော်။ ဒါကြောင့် ခြေသည်းလက်သည်းမှိုက အခြေအနေဆိုးနေရင်တော့ ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ ကုသမှုကို ခံယူတာ အကောင်းဆုံးပါ။ လက်သည်းကို ခွဲစိတ်ပြီး ဖယ်ပစ်ရမယ့်အခြေအနေလည်း ရှိနိုင်လို့ပါပဲ။
                 ကုသမှုတွေကို ခံယူနေပြီး ထိရောက်မူရှိတယ်ဆိုရင် ပုံမှန်ကျန်းမာတဲ့ ခြေသည်းလက်သည်းက တဖြည်းဖြည်းထွက်လာပါလိမ့်မယ်။ တကယ်လို့  ၁ လလောက်နေလို့မှ ခြေသည်းလက်သည်းသစ် ထွက်မလာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသပါ။ ထိရောက်မှုရှိတယ်ဆိုရင်တော့ ၆ လ လောက်မှာ ပိုးရှိနေတဲ့အပိုင်း လုံးဝကုန်သွားပါလိမ့်မယ်။
                ပြီးတော့ မှိုစွဲနေတဲ့ ခြေသည်းလက်သည်းကို အတိုပဲထားပါ။ လက်သည်းညှပ်ကိုလည်း သီးခြားသုံးပါ။ ထိခိုက်ရှနာမဖြစ်အောင်လည်း ဂရုစိုက်ပါ။ တတ်နိုင်သမျှ ခြောက်သွေ့အောင်ထားပါ။ ရေနဲ့ထိတွေ့ရတဲ့ အလုပ်လုပ်နေရတယ်ဆိုရင် ရာဘာလက်အိတ်၊ ရာဘာဖိနပ်တို့ကို ၀တ်လို့ရပါတယ်။ ရူးဖိနပ်လိုမျိုး ထိပ်ပိတ်ဖိနပ်တွေ မစီးပါနဲ့။ အပြင်သွားရင် ဖိနပ်မစီးဘဲမနေပါနဲ့။ ဖြစ်နိုင်ရင် ဖိနပ်အသစ်စီးပါ။ ဖိနပ်အဟောင်းကိုလည်း ဆေးလို့ရရင် သေချာဆေးကြောပါ။ နေလှန်းပါ။ လုံးဝကောင်းသွားမှ လက်သည်းနီဆိုးပါ။ ပိုးဝင်နေတဲ့ ခြေသည်းလက်သည်းကို မကိုင်ခင်နဲ့ ကိုင်ပြီးချိန်မှာ လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ။
သဘာဝနည်းနဲ့ ကုသမှု - ရေနဲ့ ဗီနီဂါကို တ၀က်စီရောပြီး မှိုစွဲနေတဲ့ ခြေသည်း လက်သည်းကို တရက်ကို ၃ ကြိမ် နာရီဝက်စီ စိမ်ပေးပါ။ ပြီးရင် ခြောက်သွေ့အောင် သုတ်ဖို့ မမေ့နဲ့နော်။
                ဒီလောက်ဆိုရင် ခြေသည်းလက်သည်းမှိုရှိနေတဲ့သူငယ်ချင်းတွေလည်း ပျောက်ကင်းအောင်ဘယ်လို ဂရုစိုက်လုပ်ဆောင်ရမယ်ဆိုတာ သိသွားလောက်ပြီ။ မရှိတဲ့သူငယ်ချင်းတွေလည်း မဖြစ်အောင် ကာကွယ်နိုင်လောက်ပြီနော်။ ရင်နှင်းသူငယ်ချင်းလေးတွေ အမြဲကျန်းမာလှပနေပါစေရှင်.. ။
ပို့စ်ကို ကူးယူဖော်ပြမယ်ဆိုရင် 
Myanmar Sky Link
(Myanmar Health & Beauty Website)

မိတ်ကပ်လိမ်းခြယ်နည်းအဆင့်ဆင့်

0 Midang Ruat Daan















ဒီခေတ်ကြီးမှာ အလှကုန်အမျိုးမျိုး ခေတ်စားလာတာနဲ့အမျှ အလှအပကို အရမ်းစိတ်ဝင်စားလာကြတယ်လေ။ ပွဲသွားတဲ့အခါမှ မဟုတ်ဘူး.. အလုပ်သွား၊ ကျောင်းသွား၊ Shopping သွားတာတောင် မိတ်ကပ်လေးလိမ်းပြီး လှလှပပ ကြော့ကြော့မော့မော့လေး သွားကြတယ်ဟုတ်?? ဒီတော့ အလှကြိုက်တဲ့ ပျိုပျိုမေတို့အတွက် မိတ်ကပ်လိမ်းခြယ်နည်းအဆင့်ဆင့်ကို ပြောပြမယ်နော်။

- မိတ်ကပ်မလိမ်းခင် မျက်နှာကို သေချာသစ်ပြီး Moisturizer လိမ်းဖို့တော့ မမေ့ပါနဲ့။

- ပြီးတော့ ကွန်ဆီလာ သုံးပါ။ မျက်နှာက ၀က်ခြံတွေ အမဲစက်တွေ မျက်ကွင်းညို အမာရွတ်တွေကိုလည်း ဖုံးကွယ်ထားနိုင်အောင်ပေါ့။ ဖုံးကွယ်ချင်တဲ့နေရာမှာ အစက်သေးသေးလေးတွေချပြီး ဖုံးပေးပါ။ တချို့ကလည်း မိတ်ကပ်လိမ်းပြီးမှ လိုတဲ့နေရာမှာ ကွန်ဆီလာ လိမ်းပါတယ်။

- အောက်ခံမိတ်ကပ်ကိုလည်း ကိုယ့်အသားအရောင်နဲ့ လိုက်ဖက်တာကိုပဲ သုံးသင့်တယ်နော်။ တချို့ရှိတယ်လေ။ ညီအစ်မတွေအားလုံး မိတ်ကပ်တမျိုးထဲကိုပဲ သုံးနေတာမျိုးပေါ့။  ချစ်ကြတာ.. :D အဲလို ရဘူးနော်။ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေကြတော့ ကိုယ့်အသားအရောင်ထက် တဆင့်လင်းတဲ့မိတ်ကပ်ကိုပဲ သုံးပါ။ မဟုတ်ရင် အဆီပြန်လာတဲ့အခါ မျက်နှာက ညစ်သွားနိုင်တယ်လေ။ မိတ်ကပ်ကို မျက်နှာအနှံ့အစက်ချလိုက်ပါ။ ပြီးတော့ မိတ်ကပ်ကို ညှိတဲ့အခါ လက်နဲ့ ညှိတာထက် ရေမြှပ်သုံးပြီး ညှိတာက ပိုကောင်းတယ်နော်။ မိတ်ကပ်ကို တတ်နိုင်သလောက် ပါးပါးလေးပဲ လိမ်းပါ။ မဟုတ်ရင် မျက်နှာဖုံးတတ်ထားသလို အရုပ်မျက်နှာ ဖြစ်သွားလိမ့်မယ်နော်။ မိတ်ကပ်ကို တတ်နိုင်သလောက် ပါးပါးလေးလိမ်းတာက အသားအရေအတွက်လည်း ကောင်းပါတယ်။

- ပြီးတော့ မိတ်ကပ် တာရှည်ခံအောင် ပေါင်ဒါလိမ်းပေးရပါမယ်။ ပေါင်ဒါခဲနဲ့ ပေါင်ဒါမှုန့် ကြိုက်ရာသုံးနိုင်ပါတယ်။ Translucent Powder သုံးတာက မျက်နှာကို နူးညံ့တောက်ပ လန်းဆန်းစေပြီး အဆီပြန်တာကိုလည်း ထိန်းပေးနိုင်တယ်နော်။

- ပြီးတော့ မျက်ခုံးပေါ့..။ အလှပြင်ဆိုင်မှာ ကျွမ်းကျင်တဲ့သူနဲ့ မျက်ခုံးကို ကိုယ်နဲ့လိုက်ဖက်တဲ့ပုံစံဖြစ်အောင် အရင်ပုံဖော်ထားသင့်တယ်နော်။ မျက်ခုံးကလည်း မျက်နှာပုံစံကို ပြောင်းလဲစေလို့ ဂရုစိုက်သင့်ပါတယ်။ မျက်ခုံးကို မျက်ခုံးမွှေးဆွဲခဲတံ (သို့) အမှုန့်နဲ့ ပုံဖော်နိုင်ပါတယ်။ အသားဖြူသူတွေက အညိုရင့်ရောင်၊ ကျန်တဲ့အသားအရောင်ရှိသူတွေက အနက်ရောင် သုံးနိုင်ပါတယ်။ မျက်ခုံးဆွဲတဲ့အခါ မထူမပါးနဲ့ သဘာဝကျကျလေး ဆွဲပေးပါ။ အရမ်းထူပိန်းလွန်းရင်လည်း ကြည့်ရဆိုးစေပါတယ်။

- မျက်လုံးကို ခြယ်သရတာ ကြိုက်တဲ့ ပျိုမေတို့ကတော့ ကိုယ်နဲ့လိုက်ဖက်တဲ့အရောင် ကိုယ့်အ၀တ်အစားနဲ့ လိုက်ဖက်တဲ့အရောင်လေးတွေနဲ့ ကြိုက်နှစ်သက်သလို ခြယ်သနိုင်ပါတယ်။ ရုံးသွား ကျောင်းသွားဆိုရင်တော့ သဘာဝဆန်ဆန်အရောင်လေးတွေပဲ လိမ်းတာပဲ ကောင်းမယ်နော်။ ကာလာအနုလေးကို မျက်ခွံတစ်ခုလုံးခြယ်ပါ။ ပြီးတော့ အရောင်အရင့်ကို အပေါ်မျက်ခမ်းစပ်မှာ ခြယ်ပါ။ မျက်ခုံးအောက်နားလေးမှာတော့ အရောင်လင်းလက်တဲ့ Highlight Color လေး ခြယ်ပါ။ အားလုံးခြယ်ပြီးရင် အရောင်တွေက သပ်သပ်စီ ဖြစ်မနေအောင် ပြန်ညှိပါ။ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်နော်။ မျက်လုံးရဲ့အတွင်းဘက်ထောင့်လေးကို ငွေရောင်လေးနဲနဲ ခြယ်လိုက်ရင် ပိုပြီးနုပျိုလန်းဆန်းတဲ့ပုံစံလေး ဖြစ်စေတယ်လေ။ ထင်းထင်းကြီး ခြယ်ရဘူးနော်။ မသိမသာလေးပေါ့။

- အိုင်းရှဲဒိုးခြယ်ခြယ် မခြယ်ခြယ် အိုင်းလိုင်နာလေးတွေ ဆွဲသင့်တယ်နော်။ မျက်လုံးလေးတွေက ပိုလှသွားစေသလို မျက်နှာလေးလည်း ပိုဆွဲဆောင်မှုရှိသွားလိမ့်မယ်။ အိုင်းလိုင်နာအရည် (သို့) အိုင်းလိုင်နာခဲတံချွန်ချွန်လေးနဲ့ အပေါ်မျက်တောင်နားလေး ကပ်ပြီးဆွဲပေးပါ။ မျက်လုံးအပြင်အစွန်းနားလေးရောက်တဲ့အခါ အပေါ်ကို နဲနဲလေးကော့တက်သွားတဲ့ပုံစံလေးဆွဲပေးရင် ပိုလှတယ်နော်။ ဆန္ဒရှိရင် အောက်မျက်ခမ်းအပြင်ဘက် သုံးချိုး နှစ်ချိုးလောက်ကိုပါ ဆွဲပေးလို့ ရပါတယ်။

- မျက်တောင် ထူထူကော့ကော့လေးတွေက မျက်လုံးအလှကို ပိုထင်ရှားစေပါတယ်။ Mascara မသုံးခင်မှာ မျက်တောင်ကော့စက်လေးနဲ့ ကော့ပေးနိုင်ပါတယ်။ ဘယ်တော့မှ Mascara သုံးပြီးမှ ကော့စက်နဲ့ မကော့ပါနဲ့။ မျက်တောင်ကော့စက်ထဲကို မျက်တောင်လေးတွေထည့်ပြီး တစ်ကြိမ်ပဲ ၅ စက္ကန့်လောက် ဖိပေးထားရင် ရပါပြီ။ ပြီးရင် Mascara နဲပ မျက်တောင်လေးတွေကို ညီညီညာညာလေးကော့ပေးပါ။ ဆေးတွေ တစ်နေရာထဲမှာ စုပုံမနေအောင်တော့ ဂရုစိုက်နော်။

-  ပန်းနုရောင်သန်းတဲ့ သွင်ပြင်လေးဖြစ်ဖို့ ပါးနီလေး ခြယ်ရအောင်နော်။ အရင်ဆုံး ပြုံးလိုက်ပါ။ ပါးအို့နေရာမှာ ပါးနီကို ပြေပြေလေး ပါးပါးလေး ခြယ်ပေးပါ။ များသွားရင် ပေါင်ဒါနဲ့ ပြန်လျှော့လို့ ရပါတယ်။

- မိတ်ကပ်လိမ်းတာကို နှုတ်ခမ်းနီလှလှလေးဆိုးပြီး အဆုံးသတ်ကြမယ်။ ကိုယ်ကြိုက်တဲ့ နှုတိခမ်းနီကို ဆိုးလိုက်ပါ။ နှုတ်ခမ်းနီကို စုတ်တံလေးနဲ့ ဆိုးတာက နှုတ်ခမ်းလေးကို ပိုနူးညံ့တဲ့ပုံ ဖြစ်စေပါတယ်။ နှုတ်ခမ်းနီဆိုးပြီးတော့ Lip Liner လေးနဲ့ ဘောင်ကွပ်ပေးလိုက်ရင် နှုတ်ခမ်းလေးက ပိုသပ်ရပ်လှပသွားမှာပါ။ ပြီးတော့ အောက်နှုတ်ခမ်းအလယ်မှာ Lip Gloss လေးဆိုးပေးလိုက်ရင် လုံးဝကို ပြည့်စုံတဲ့ ဖူးငုံနှုတ်ခမ်းလေးရပြီပေါ့။

Warnings

-    မိတ်ကပ်လိမ်းတာမှာသုံးတဲ့ ရေမြှပ်တွေ ဘရပ်တွေကို ရေနွေးနဲ့ ဆပ်ပြာအပျော့စားနဲ့ မှန်မှန်လျှော်ပေးနော်။ ရေမြှပ်တွေ ဘရပ်တွေ မသန့်ရှင်းရင် ၀က်ခြံတွေ ပေါက်လာနိုင်တယ်လေ။
-    အလှပြင်ပစ္စည်းအပေါစားတွေ မသုံးပါနဲ့။ အပေါစားပစ္စည်းတွေသုံးရင် အဆင်မပြေပဲ ပိုက်ပိုက် ၂ ဆ ကုန်နိုင်တယ်လေ။
-    အရမ်းကြာနေတာတွေကို မသုံးပါနဲ့။
-    သူများနဲ့ မျှဝေပြီးတော့လည်း မသုံးပါနဲ့။


ဒီလောက်ဆိုရင် ရင်နှင်းသူငယ်ချင်းလေးတွေ မိတ်ကပ်ကောင်းကောင်းလိမ်းတတ်သွားလောက်ပြီနော်။ သူငယ်ချင်းတို့ မိတ်ကပ်လှလှလေးလိမ်းပြီး လှသည်ထက် ပိုလှနိုင်ပါစေရှင်..

မျက်နှာသစ်ကြသူတိုင်းအတွက်

0 Midang Ruat Daan

မင်္ဂလာပါနော်.. ခု ပြောပြမှာက မျက်နှာကို ဘာမှမလိမ်းခင် အဆင့်ဆင့် သန့်စင်နည်းလေးပါ။ နေ့စဉ် လှုပ်ရှားသွားလာနေရတဲ့သူတွေမှာ မျက်နှာမှာ အညစ်အကြေးတွေ အများကြီး ကပ်ညှိနေနိုင်တယ်နော်။ အဲဒီတော့ မျက်နှာကို သေသေချာချာသန့်စင်ပေးဖို့ လိုတယ်လေ။ မျက်နှာသစ်တာပဲ အထူးအဆန်းလုပ်ပြီး ပြောနေတယ်လို့ အတွေးမစောလိုက်ပါနဲ့ဦးနော်..။ လှပကျန်းမာပြီး ကြည်လင်သန့်ရှင်းတဲ့ မျက်နှာလေးကို အမြဲပိုင်ဆိုင်နိုင်ဖို့ မျက်နှာသစ်ခြင်းဆိုတဲ့အဆင့်ကို မဖြစ်မနေနဲ့ သေသေချာချာ လုပ်ကြရမှာပါ။ မိတ်ကပ်လိမ်းခြင်း၊ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းများကို အသုံးပြုခြင်း၊ ဆေးလိမ်းခြင်း စတာတွေကို မျက်နှာသစ်ပြီးမှ လုပ်နိုင်မှာလေ။ မျက်နှာသစ်ရင်းနဲ့ အရမ်းနူးညံ့တဲ့ မျက်နှာအရေပြားကို မထိခိုက်စေဖို့လည်း အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် လူတိုင်းသိပေမယ့် ဂရုမစိုက်မိတာလေးတွေကို သတိပေးချင်တာပါ။
2 Times A Day
- ပထမဆုံးအနေနဲ့ ပြောချင်တာက တစ်နေ့ကို ပုံမှန်နှစ်ကြိမ် မျက်နှာကို သန့်စင်ပေးဖို့ပါ။
- ဖုန်မှုန့်တွေနဲ့ အထိအတွေ့နဲတဲ့သူဆိုရင် ၂ ကြိမ်က လုံလောက် ပါတယ်။
- အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေကတော့ ၃ - ၄ ကြိမ်သစ်နိုင်ပါတယ်။
- ဒါပေမယ့် မျက်နှာသစ်လွန်းရင်လည်း မကောင်းတာမို့ ၂ ကြိမ်ကို မျက်နှာသစ်ဆေးနဲ့ သစ်ပြီး နောက်ထပ်သစ်ချင်သေးရင် ရေနဲ့ပဲသစ်တာ အကောင်းဆုံးပဲနော်။
- မျက်နှာကို အရမ်းသစ်မိရင် ဖြစ်လာမယ့် အကျိုးဆက်တွေကိုတော့ သင့်အသားအရေကို အလွန်အမင်း သန့်စင် နေမိပါသလား? မှာ ဖတ်ရှုနိုင်ပါတယ်။
Best Facial Foam
- မျက်နှာသန့်စင်ဆေး ရွေးချယ်တာကတော့ အရေးကြီးဆုံးပဲနော်။
- အကောင်းဆုံး မျက်နှာသန့်စင်ဆေးကတော့ကိုယ့်အသားအရေနဲ့ အသင့်တော်ဆုံး မျက်နှာသန့်စင်ဆေးပါ။
- ကိုယ့်ရဲ့မျက်နှာအသားအရေဟာ ဘယ်လိုအမျိုးအစားလဲဆိုတာ အတိအကျသိရမယ်နော်။
- ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်ဆိုရင် မျက်နှာကို အာဟာရဓာတ်နဲ့ အစိုဓာတ် ပြည့်ဝစွာပေးနိုင်တဲ့ မျက်နှာသန့်စင်ဆေးကို ရွေးရပါမယ်။
- အဆီပြန်တတ်တဲ့ သူတွေကတော့ အဆီထုတ်လုပ်မှုကို ထိန်းပေးနိုင်တဲ့ပစ္စည်းတွေပါဝင်တဲ့ မျက်နှာသန့်စင်ဆေးကို ရွေးနော်။
- ကဲ.. အဲဒီတော့ မျက်နှာသန့်စင်ဆေးလေးဝယ်ဖို့ကို ပါဝင်တဲ့ပစ္စည်းတွေအကြောင်း အကုန်လိုက်ဖတ်ရမှာလား?? အဲဒီလောက်လည်း အလုပ်ရှုပ်ခံစရာ မလိုပါဘူး။ အလွယ်ဆုံးက သင့်ရဲ့အသားအရေအမျိုးအစားကို အရောင်းကောင်တာက Sale Girl ကို ပြောပြလိုက်ရုံပါပဲ။ အတိအကျတော့ဖြစ်ရမယ်နော်။
Hand Washing
- မျက်နှာကို မသန့်စင်ခင် လက်ကို အရင်ဆုံး သန့်ရှင်းစင်ကြယ်အောင် ဆေးဖို့လည်း မမေ့နဲ့နော်။
Lukewarm Water
- မျက်နှာသစ်ရင်တော့ ရေနွေးနွေးလေးက အကောင်းဆုံးနော်။
- ရေပူတွေက မျက်နှာကို ခြောက်သွေ့စေတယ်လေ။
- ရေအေးကျပြန်တော့ အညစ်အကြေးတွေကို ကောင်းကောင်း မဖယ်ရှားပေးနိုင်ဘူးတဲ့။
ကဲ.. မျက်နှာသစ်ရအောင်နော်။ ရေနွေးနွေးလေးနဲ့ မျက်နှာနဲ့လည်ပင်းကို ဆေးလိုက်ပါ။OK ! ပြီးရင် မျက်နှာသန့်စင်ဆေးလေးကို လိမ်းရအောင်။
Don't Apply Facial Foam Directly
- မျက်နှာသန့်စင်ဆေးကို မျက်နှာပေါ် တိုက်ရိုက်မတင်လိုက်ပါနဲ့။
- ချွေးပေါက်တွေပိတ်ပြီး ၀က်ခြံတွေ ဖြစ်လာနိုင်ပါတယ်။
- ဒါကြောင့် မျက်နှာသန့်စင်ဆေးကို လက်ဝါးပေါ်အရင်တင်ပြီး အမြှပ်ထွက်လာအောင်ပွတ်ပြီးမှ မျက်နှာပေါ်တင်ပါ။
Massage Gently
- ပြီးတော့ လက်ချောင်းထိပ်ကလေးတွေကို သုံးပြီး မျက်နှာပေါ်မှာ စက်ဝိုင်းပုံ ညင်ညင်သာသာလေး နှိပ်နယ်ပေးပါ။
- မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း မပွတ်လိုက်နဲ့နော်။
- အဲဒီလိုလုပ်ရင် မျက်နှာအရေပြား ပျက်စီးနိုင်တယ်လေ။
- ပြီးတော့ မျက်နှာသစ်ဆေးက အဆီမပြန်ခြင်း၊ အသားဖြူခြင်းစတဲ့ အကျိုးတွေကို သေချာရနိုင်ဖို့ မျက်နှာသစ်ဆေးမှာပါတဲ့ပစ္စည်းလေးတွေ သင့်မျက်နှာပေါ်မှာ သေချာအလုပ်လုပ်ပြီး အစွမ်းပြနိုင်ဖို့ လုံလောက်တဲ့အချိန်ပေးရမယ်နော်။
- ၂ မိနစ် ၃ မိနစ်လောက် မျက်နှာပေါ်မှာထားပြီး နှိပ်နယ်ပေးရင်ကို ရပါတယ်နော်။
Wash Thoroughly
- ပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာဆေးပါ။
- လည်ပင်းနဲ့ဆံစပ်နားတွေကိုလည်း စင်ကြယ်အောင် ဆေးဖို့မမေ့နဲ့နော်။
- ကျန်ခဲ့တဲ့ မျက်နှာသန့်စင်ဆေးတွေဟာ ချွေးပေါက်တွေကို ပိတ်စေနိုင်တယ်လေ။
- ဒါကြောင့် ရေများများနဲ့ သေသေချာချာလေး မျက်နှာသစ်ရမယ်နော်။
Clean and Soft Towel
- မျက်နှာသုတ်ပုဝါကလည်း နူးညံ့ရပါမယ်။
- အရမ်းနူးညံ့တဲ့ မျက်နှာအရေပြားလေးကို ထိခိုက်မှုမရှိစေနိုင်ဖို့ပေါ့။
- ပြီးတော့ မျက်နှာသုတ်ပုဝါကို သန့်ရှင်းအောင်ထားပါ။
- မသန့်ရှင်းတဲ့ မျက်နှာသုတ်ပုဝါကြောင့် အရေပြားကို ပိုးဝင်နိုင်လို့ပါပဲ။
- မျက်နှာသစ်ပြီးရင် မျက်နှာသုတ်ပုဝါနဲ့ ဖွဖွလေးဖိပြီး ညင်ညင်သာသာလေး သုတ်နော်။
- ကြမ်းကြမ်းတမ်းတမ်းကြီး ပွတ်ဆွဲပြီးသုတ်ရင် နူးညံ့တဲ့ မျက်နှာအရေပြားလေးကို ထိခိုက်သွားမှာပေါ့။

Toner
- ပြီးရင် ရေဓာတ်ကို အခြေခံထားတဲ့ Alcohol Free Toner ကို သုံးပေးပါ။
- Alpha hydroxy acids ပါတဲ့ Toner ကတော့ အကောင်းဆုံးပါ။
- သင့်ရဲ့ အသားအရေကို ချောမွတ် တင်းရင်းစေပြီး ချွေးပေါက်လေးတွေလည်း ကျဉ်းသွားပါလိမ့်မယ်။

Moisturizer
- နောက်ဆုံးအနေနဲ့ မျက်နှာသစ်လိုက်လို့ ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ သဘာဝအဆီတွေကို ပြန်လည်ဖြည့်တင်းပေးဖို့ သင့်အသားအရေနဲ့ သင့်တော်မယ့် Moisturizer ကို လိမ်းလိုက်ပါ။
- မျက်နှာသစ်ပြီးတိုင်း Moisturizer လိမ်းရမှာမို့ Chemical ပါဝင်မှု အနည်းဆုံး Moisturizer ကို ရွေးချယ်ဖို့ မမေ့နဲ့နော်။
- အစိုဓာတ်ကို သေချာပြန်ဖြည့်ဖို့ လိုနေပြီဆိုရင်တော့ ဗီတာမင်အီး (သို့) ရှားစောင်းလက်ပတ်ဆီကို မျက်နှာသစ်ပြီးတိုင်း လိမ်းပေးပါ။ အားလုံး OK သွားလိမ့်မယ်။
ကဲ.. ဒါဆိုရင်တော့ သင်တို့ရဲ့ မျက်နှာသန့်စင်ခြင်းဟာ ပြီးဆုံးသွားပါပြီ။သင့်ရဲ့ မျက်နှာလေးဟာလည်း မိတ်ကပ်လိမ်းဖို့၊ အပြင်ကိုသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။ဟုတ်တယ်ဟုတ် !!!ပိုပြီး လှပလန်းဆန်းတဲ့ မျက်နှာပိုင်ရှင်လေးဖြစ်ဖို့ ဒီနေ့ပဲ စလုပ်ကြည့်လိုက်နော်။

နှုတ်ခမ်းတွေခြောက်သွေ့နေပြီဆိုရင်

0 Midang Ruat Daan

အရေပြားထိန်းသိမ်းမှုကို ပြုလုပ်ဖို့ မေ့တတ်သူတိုင်း နှုတ်ခမ်းသား ခြောက်သွေ့မှုကို ကြုံရတတ်ပါတယ်။ နှုတ်ခမ်းသားခြောက်သွေ့မှုဟာ ရာသီဥတုအကူးအပြောင်း ဆောင်းတွင်းလေနဲ့ ဆောင်းအကုန် နွေအကူးမှာ အဖြစ်များတတ်ပါတယ်။ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတစ်စုံကြောင့် တင်းကျပ်ကျပ်ခံစားမှုနဲ့ နေမထိ၊ ထိုင်မသာ ခံစားရတတ်သလို နှုတ်ခမ်းအရေပြား ကွာတာ၊ ကွဲအပ်တာ၊ သွေးထွက်တာနဲ့ ဖြူဖပ်ဖြူရော်ဖြစ်တာတွေကို ခံစားကြရတတ်ပါတယ်။
ဒါကို ဂရုမပြုဘဲထားလိုက်မယ်ဆိုရင် နှုတ်ခမ်းမှာ အရေးကြောင်းတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ကျန်းမာပြီးလှပတဲ့နှုတ်ခမ်းတစ်စုံဟာ ပန်းသွေးရောင်သန်းပြီး ပြည့်ဖောင်းနေကာ အရေးကြောင်း ကင်းစင်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းလှလှလေးဖြစ်စေဖို့ နှုတ်ခမ်းသားခြောက်သွေ့မှုကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ အမှန်တကယ် အကျိုးသက်ရောက်စေတဲ့ နည်းလမ်းတွေရှိပါတယ်။
၁။ နှုတ်ခမ်းနီအရောင်တစ်မျိုး မဆိုးခင် နှုတ်ခမ်းနီအဆီတစ်မျိုးဖြစ်တဲ့ Lip Balm တစ်မျိုးကို နှုတ်ခမ်းအတွက် အခြေခံတစ်ခုအနေနဲ့ ဆိုးပေးသင့်ပါတယ်။ Lip Balm ကို သဘာဝအရင်းအမြစ်ကို အခြေခံတဲ့ ဗီတာမင်အီးပါဝင်တာမျိုးကို ရွေးချယ်ပေးရပါမယ်။ လိုအပ်ရင် ဆောင်းတွင်းဖြစ်ပါစေ၊ နေရောင်ခြည်ထဲက UV ကို ကာကွယ်နိုင်တဲ့ SPF ပါဝင်တာတွေကို အခြေခံအဖြစ် ဆိုးပြီးမှ မိမိနှစ်သက်တဲ့အရောင်ပါ နှုတ်ခမ်းနီတွေကို ထပ်မံဆိုးပေးပါ။
၂။ အရောင်တောက်ပလွန်းပြီး ခြောက်သွေ့နေတတ်တဲ့ နှုတ်ခမ်းနီဆိုးဆေးတွေကို ရှောင်ပါ။ ရေဓာတ် မပါဝင်ဘဲ ခြောက်သွေ့နေတတ်တဲ့ နှုတ်ခမ်းနီကြောင့် နှုတ်ခမ်းသားကို ပိုပြီး ခြောက်သွေ့စေသလို၊ အရောင်တွေလည်း စွန်းထင်းကျန်နေစေတတ်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းဆိုးဆေးဝယ်မယ်ဆိုရင် ရေဓာတ်ပါဝင်တာကို ရွေးပါ။
၃။ နှုတ်ခမ်းသားဟာ ခြောက်သွေ့အက်ကွဲတာကြာလာရင် တင်းကျပ်တဲ့ ခံစားမှုကို ဖြစ်ပေါ်စေတာကြောင့် နှုတ်ခမ်းကို လျှာနဲ့ လျက်တက်ကြပါတယ်။ နှုခမ်းကို လျှာနဲ့လျက်လေ၊ နှုတ်ခမ်းသား ပိုပြီးခြောက်သွေ့လေပါပဲ။ ဒါကြောင့် နှုတ်ခမ်းခြောက်သွေ့တယ်လို့ ခံစားရရင်ပဲဖြစ်စေ၊ ပုံမှန်နှုတ်ခမ်းသား ပိုင်ရှင်တွေပဲဖြစ်စေ၊ နှုတ်ခမ်းကို လျှာနဲ့ယှက်တာမျိုး၊ နှုတ်ခမ်းကိုက်တာမျိုးတွေကို အထူးရှောင်သင့်ပါတယ်။
၎။ မျက်နှာအရေပြား ထိန်းသိမ်းရေးအတွက် ညတိုင်း နေ့ဘက်က လိမ်းထားတဲ့ မိတ်ကပ်တွေကို ဖျက်ကြသလို နှုတ်ခမ်းဆိုးထားတာတွေကိုလည်း အိပ်ရာမဝင်ခင်အချိန်မှာ ဖျက်သင့်ပါတယ်။
၅။ နှုတ်ခမ်းသားလေးအပေါ်ကို ထောပတ်ဆီလေး အနည်းငယ်သုံးပြီး သွေးလည်ပတ်မှုအတွက် အိပ်ရာမဝင်မီ အချိန်မျိုးမှာ နှိပ်နယ်ပေးပါ။ ညဘက် အိပ်ရာမဝင်မီ ထောပတ်ဆီကို လိမ်းကျံ ထားလိုက်ပြီး အိပ်ရာပေါ်မှာ မအိပ်ခင်အချိန်လေး သင့်လက်ချောင်းလေးတွေနဲ့ နှိပ်နယ်ပေးနိုင်ပါတယ်။
၆။ နှုတ်ခမ်းသားကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့ လက်ဖက်ထုပ်လေး ( Black Tea Bag )ကို သုံးရမှာပါ။ ရေနွေးထဲမှာ လက်ဖက်ထုပ်လေးကို စိမ်ထားလိုက်ပြီး လက်ဖက်ရည်နွေးထွေးသွားချိန်မှာ လက်ဖက်ထုပ်လေးကို နှုတ်ခမ်းသားပေါ်မှာ ငါးမိနစ်၊ ၁၀မိနစ်လောက်ကပ်ထားပေးလိုက်ပါ။ နှုတ်ခမ်းကို စိုပြည်နေစေပါတယ်။
၇။ အရေပြားမှာ ရေဓာတ်ခန်းခြောက်မှု ဖြစ်လာရင်လည်း နှုတ်ခမ်းသားတွေပါ ခြောက်သွေ့စေတဲ့အတွက် တစ်နေ့တာအတွက် လိုအပ်တဲ့ ရေပမာဏကို သောက်သုံးပေးဖို့ လိုပါတယ်။
၈။ နှုတ်ခမ်းသားကို တစ်ပတ်မှာ တစ်ကြိမ်လောက် ကြေးချွတ်သန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာကြေးချွတ်တဲ့ ပစ္စည်းကိုပဲ အသုံးပြုနိုင်ပါတယ်။ မျက်နှာကြေးချွတ်တဲ့ Facial Scrub ကို နှုတ်ခမ်းသားပေါ်မှာ ပွတ်တိုက် ကြေးချွတ်ပေးပြီး ရေနဲ့ဆေးကြောသန့်စင်ခြင်းကို တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးတာကြောင့် နှုတ်ခမ်းသားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး နှုတ်ခမ်းသားကို ကျန်းမာနေစေပါတယ်။
Ref : Good Health

အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် မျက်နှာပေါင်းတင်နည်းများ

0 Midang Ruat Daan
အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေက အရမ်းဂရုစိုက်ရမယ့် အသားအရေပိုင်ရှင်တွေပါ။ ဒါပေမယ့် သေချာဂရုစိုက်ပေးရင် ၀င်းပကြည်လင်ပြီး ပိုတောင်ကြည့်လို့ကောင်းသေးတယ်နော်။ အဆီပြန်တဲ့ အသားအရေအကြောင်းနဲ့ ဆောင်ရန် ရှောင်ရန်တွေကို အဆီပြန်တဲ့ အသားအရေအကြောင်း သိကောင်းစရာအဖြာဖြာ ဆိုတဲ့ ပို့စ်လေးမှာ ဖတ်ကြည့်ပါ။  အဆီပြန်တဲ့ အသားအရေရှိတဲ့သူတွေဟာ အဆီပိုတွေနဲ့ ၀က်ခြံဖြစ်စေတဲ့ဆဲလ်သေတွေကို ဖယ်ရှားနိုင်အောင် ချွေးပေါက်တွေ သန့်စင်ပြီး ချွေးပေါက်မကျယ်အောင် မှန်မှန်ပေါင်းတင်ပေးသင့်တယ်လေ။  အဲဒီတော့ အဆီပြန်တဲ့ အသားအရေပိုင်ရှင်သူငယ်ချင်းတွေအတွက် အကောင်းဆုံးဖြစ်မယ့် ပေါင်းတင်နည်းတွေကို ရင်နှင်းပြောပြပေးမယ်နော်။

(၁) နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ဒိန်ချဉ်လက်ဖက်ရည်ပန်းကန်လုံးတစ်ခွက်စာကိုရောပြီးရင် မျက်နှာအနှံ့လိမ်းပြီး ၁၀ မိနစ် ထားထားနော်။ ပြီးတော့ ရေအေးလေးနဲ့ ဆေးချလိုက်ပါ။ သူငယ်ချင်းရဲ့မျက်နှာလေးဟာ သန့်စင်ပြီး ၀င်းပလာပါလိမ့်မယ်။

(၂) ငှက်ပျောသီးမှည့်တစ်လုံး၊ ပျားရည်တစ်ဇွန်းနဲ့ လိမ္မော်ရည်စက်အနည်းငယ်ကို ရောမွှေလိုက်နော်။ သေသေချာချာကြေညက်သွားရင် ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ ပါးပါးလေး သုတ်လိမ်းပြီး  ၁၅ မိနစ် လောက်ထားလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ဆေးလိုက်ပါ။ ဒီနည်းလေးက မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကိုလည်း သန့်စင်စေပါတယ်။

(၃) ခရမ်းချဉ်သီး (အလတ်စား) တစ်လုံးကို အရည်ထွက်လာအောင် ကြိတ်ပါ။ ပြီးရင် သံပုရာရည်လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ရောပြီး မျက်နှာပေါ်မှာလိမ်း၊ ၁၀ မိနစ်ထားပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ချွေးပေါက်ကလေးတွေကို ကျဉ်းစေတဲ့အပြင် ၀က်ခြံတွေကိုလည်း လျော့နည်းသက်သာစေပါလိမ့်မယ်။

(၄)  ရေစင်စင်ဆေးထားတဲ့ စတော်ဘယ်ရီသီး ၄ - ၆ လုံးကို ခွက်ထဲထည့်ပြီး ခရင်းနဲ့ ချေလိုက်နော်။ ပြီးတော့ ဒိန်ချဉ်တစ်ဇွန်းနဲ့ရောပြီး မျက်နှာမှာ သုတ်လိမ်းပြီး မိနစ် ၂၀ ထားပါ။ ပြီးရင် ရေအေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။

(၅)  ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါတဲ့ ပန်းသီးတစ်လုံးကို အခွံခွာ၊ အစိပ်သေးသေးလေးတွေ လှီးပြီး မွှေစက်ထဲ ထည့်ပြီး အနှစ်လေးရတဲ့အထိ မွှေပါ။ ပြီးရင် ပျားရည်လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ရောပြီး မျက်နှာပေါ်မှာ ပါးပါးလေးလိမ်းပါ။ ၁၅ မိနစ် ပြည့်ရင်ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ ချွေးပေါက်ကျဉ်းပြီး နူးညံ့ကြည်လင်တဲ့ မျက်နှာလေးကို တွေ့ရမှာပါ။

(၆) နောက်တစ်နည်းကလည်း ပန်းသီးနဲ့ ပျားရည်ပါပဲ။ ပန်းသီးတစ်ဝက်ကို အခွံခွာပြီး ရေနွေးထဲမှာ ခဏစိမ်လိုက်နော်။ ပြီးတော့ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းရယ်၊ ဂျုံမှုန့် ၂ ဇွန်းရယ်နဲ့ ပေါင်းပြီး အနှစ်လေးရတဲ့အထိ ချေပါ။ ပြီးတော့ မျက်နှာပေါ်မှာ ၁၀ မိနစ်ထားပြီး ရေဆေးချလိုက်ပါ။ ချွေးပေါက်တွေကျယ်ပြီး ၀က်ခြံလည်းရှိတဲ့ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက်တော့ အရမ်းအသုံးဝင်တဲ့ နည်းလေးပါပဲ။

(၇) အလွယ်ဆုံးနည်းလေးကတော့  သခွားသီးကို ပါးပါးလှီးပြီး မျက်နှာပေါ်မှာ မိနစ် ၂၀ လောက် ကပ်ထားပေးပါ။ ဒီလိုလုပ်တာက မျုက်နှာရေဓာတ်ကို ထိန်းသိမ်းပေးပြီး စိတ်ဖိစီးမှုတွေကိုလည်း လျော့ချပေးတယ်လေ။ မျက်နှာပြင်ကို ချောမွေ့စေပြီး အရေးအကြောင်းတွေ အစက်အပြောက်တွေကိုလည်း သိသိသာသာလျော့နည်းစေပါတယ်။

(၈) သခွားသီးကို အတုံးသေးသေးလေးတွေ ဖြစ်အောင်တုံးပြီး ဒိန်ချဉ်လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဂျုံမှုန့် လက်ဖက်ရည်ပန်းကန်လုံးတစ်ခွက်စာနဲ့ မွှေစက်ထဲမှာ လုံးဝကြေညက်သွားတဲ့အထိ ထည့်မွှေပါ။ ပြီးတော့ မျက်နှာပေါ်မှာ ၁၀ မိနစ်လိမ်းထားပြီး မျက်နှာသစ်လိုက်နော်။ ဒီနည်းက ချွေးပေါက်တွေကို သန့်စင်စေပြီး ၀က်ခြံတွေလည်း သက်သာစေတယ်လေ။

တစ်ပတ်ကို တစ်ခါမှန်မှန် လုပ်ရင် အရမ်းအကျိုးရှိပါတယ်။ လုပ်ကြည့်နော် သူငယ်ချင်းတို့..။

Thursday, 26 April 2012

ကိုယ်အလေးချိန် ကျဆင်းနိုင်သော အစားအစာများ

0 Midang Ruat Daan
            ကိုယ်အလေးချိန် ကျဆင်းနိုင်သော အစားအစာများ
နောက်ဆုံးလေ့လာမှုတွေအရ တချို့အစားအစာတွေဟာ ဆာလောင်မှုကို ပျောက်ကင်းစေပြီး ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်ကာ အဆီတွေမြန်မြန် လောင်ကျွမ်းစေနိုင်တယ်လို့ သိရပါတယ်။ အောက်ပါအစားအစာတွေကို ကြည့်ပြီး သင့်ခန္ဓာကိုယ်အလေးချိန် ၁၀ ပေါင်၊ ပေါင် ၂၀၊ ပေါင် ၃၀ ဒါမှမဟုတ် ဒီပေါင်ချိန်တွေထက် ပိုလျော့အောင် ပြုလုပ်ပါ။
 
၁။ အစာစားချင်စိတ် လွန်ကဲမှုပျောက်ကင်းအောင် ငရုတ်သီးစားပါ
လေ့လာမှုတစ်ခုအရ ဇွန်းတစ်ဝက်စာ ငရုတ်သီးမှုန့်ပါဝင်တဲ့ စွပ်ပြုတ်ရည်သောက်သူတွေဟာ အချိုစာ၊ အဆီစာနဲ့ အငန်စားချင်စိတ် လွန်ကဲမှု ထက်ဝက်ခန့် လျော့သွားတာကို အံ့သြဖွယ်ရာ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် လေးနာရီအတွင်း ၁၀ ကယ်လိုရီ ပိုမိုလောင်ကျွမ်းနိုင်တာမို့ တစ်နှစ်အတွင်း နှစ်ပေါင်လျော့ကျသွားနိုင်ပါတယ်။

 
အဆီလောင်ကျွမ်းမှု လျှို့ဝှက်ချက်
ငရုတ်သီးမှာပါတဲ့ Capsaican တွေဟာ (ပူတဲ့ အရသာပေးတဲ့ ဒြပ်ပေါင်းပါ) ဦးနှောက်နဲ့ လည်ပင်းကို ပေးပို့တဲ့ အာရုံကြော (Trigeminal Nerve) ကို လှုံဆော်ပေးမှုကြောင့် ခံတွင်းလိုက်အား ပြောင်းလဲကာ ဇီဝရုပ်ဖြစ်ပျက်နှုန်း တိုးတက်လာတာကြောင့်လို့ သုတေသီတွေက ဆိုပါတယ်။

Tips!

 
ရှလကာရည် အသုံးပြုနိုင်ပါတယ်။
လေ့လာမှုပြုလုပ်ရာမှာ ပါဝင်သူတွေဟာ ရှလကာရည် နှစ်ဇွန်းမှ သုံးဇွန်း ပါဝင်ပြီး ကာဗိုဟိုက်ဒရိတ်များစွာ ပါဝင်တဲ့ အစာစားသူတွေရဲ့ အင်ဆူလင် မြင့်တက်လာနှုန်းဟာ ရှလကာရည်မပါဝင်ဘဲ သူတို့နဲ့ တူညီတဲ့ အစားအစာတွေ စားသုံးသူတွေထက် ၂၅ ရာခိုင်နှုန်း လျော့ကျတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အင်ဆူလင် အဆင့်နည်းတာဟာ စားချင်စိတ်နဲ့ ဆာလောင်မှုကို လျော့ကျစေတာကြောင့်ပါ။

 
၂။ ဗိုက်ပြည့်တာမြန်အောင် ချယ်ရီသီးစားပါ။
အစာစားပြီးလို့မှ မကြာခင်မှာ ဗိုက်ဆာသလို ဖြစ်နေသလား၊ အိပ်ရေးမဝတဲ့ အတွက် ခန္ဓာကိုယ်တွင်းမှာ Leptin အဆင့်တွေ ကျဆင်းနေတာကြောင့်ပါ။ Leptin ဆိုတာဟာ သင့်ဗိုက်ပြည့်တင်းတာကို သိရှိနိုင်တဲ့ဟော်မုန်းပါ။ ချယ်ရီသီးဖျော်ရည် သောက်ပေးရင် ဆာလောင်တာ လျော့သွားနိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

 
အစာစားချင်စိတ် လျော့နည်းရခြင်း၏ လျှို့ဝှက်ချက်
ချယ်ရီသီးမှာ မယ်လတိုနင်တွေ များစွာပါဝင်ပါတယ်။ မယ်လတိုနင်ဆိုတာဟာ သင်မြန်မြန်အိပ်ပျော်စေနိုင်တဲ့ ဟော်မုန်းပါ။ ဒါ့အပြင် ချယ်ရီသီးမှာ ရောင်ရမ်းမှု ပျောက်စေတဲ့ ဒြပ်ပေါင်းတွေ များစွာပါဝင်တာမို့ နာကျင်ညောင်းညာတဲ့ဝေဒနာတွေ ပျောက်ကင်းစေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ပါတယ်။

Tips!

 
စိုးရိမ်စိတ်ကြောင့် အိပ်မပျော်ဖြစ်နေသလား။
စိုးရိမ်စိတ်ပျောက်ကင်းအောင် Passion Flower (ပင်မှည့်သီးပွင့်) လက်ဖက်ရည်သောက်ပေးပါ။ အိပ်မပျော်သူတွေဟာ နေ့စဉ် ပင်မှည့်သီးဖျော်ရည်ကို တစ်ပတ်သောက်တာကြောင့် မြန်မြန်အိပ်ပျော်နိုင်ပြီး ညဘက်တစ်ရေးနိုးတဲ့ အကြိမ်လျော့သွားတယ်လို့ သိရပါတယ်။ အဲ့ဒီဖျော်ရည်ဟာ စိတ်ချမ်းသာစေတဲ့ ဟော်မုန်း(dopamine) အဆင့်ကို မြင့်တက်စေနိုင်လို့ပါ။

Ref: Good Health