f နှုတ်ခမ်းတွေခြောက်သွေ့နေပြီဆိုရင် | Varnak Thuthang Blogger Widgets

Varnak Thuthang Blog pin ang no in na muak si ung..... Pathian in Damnak, Tsimnak, Lawhdingnak, Thinnuamnak na pe tasen....
 

Friday, 25 May 2012

နှုတ်ခမ်းတွေခြောက်သွေ့နေပြီဆိုရင်

0 Midang Ruat Daan

အရေပြားထိန်းသိမ်းမှုကို ပြုလုပ်ဖို့ မေ့တတ်သူတိုင်း နှုတ်ခမ်းသား ခြောက်သွေ့မှုကို ကြုံရတတ်ပါတယ်။ နှုတ်ခမ်းသားခြောက်သွေ့မှုဟာ ရာသီဥတုအကူးအပြောင်း ဆောင်းတွင်းလေနဲ့ ဆောင်းအကုန် နွေအကူးမှာ အဖြစ်များတတ်ပါတယ်။ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတစ်စုံကြောင့် တင်းကျပ်ကျပ်ခံစားမှုနဲ့ နေမထိ၊ ထိုင်မသာ ခံစားရတတ်သလို နှုတ်ခမ်းအရေပြား ကွာတာ၊ ကွဲအပ်တာ၊ သွေးထွက်တာနဲ့ ဖြူဖပ်ဖြူရော်ဖြစ်တာတွေကို ခံစားကြရတတ်ပါတယ်။
ဒါကို ဂရုမပြုဘဲထားလိုက်မယ်ဆိုရင် နှုတ်ခမ်းမှာ အရေးကြောင်းတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ကျန်းမာပြီးလှပတဲ့နှုတ်ခမ်းတစ်စုံဟာ ပန်းသွေးရောင်သန်းပြီး ပြည့်ဖောင်းနေကာ အရေးကြောင်း ကင်းစင်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းလှလှလေးဖြစ်စေဖို့ နှုတ်ခမ်းသားခြောက်သွေ့မှုကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ အမှန်တကယ် အကျိုးသက်ရောက်စေတဲ့ နည်းလမ်းတွေရှိပါတယ်။
၁။ နှုတ်ခမ်းနီအရောင်တစ်မျိုး မဆိုးခင် နှုတ်ခမ်းနီအဆီတစ်မျိုးဖြစ်တဲ့ Lip Balm တစ်မျိုးကို နှုတ်ခမ်းအတွက် အခြေခံတစ်ခုအနေနဲ့ ဆိုးပေးသင့်ပါတယ်။ Lip Balm ကို သဘာဝအရင်းအမြစ်ကို အခြေခံတဲ့ ဗီတာမင်အီးပါဝင်တာမျိုးကို ရွေးချယ်ပေးရပါမယ်။ လိုအပ်ရင် ဆောင်းတွင်းဖြစ်ပါစေ၊ နေရောင်ခြည်ထဲက UV ကို ကာကွယ်နိုင်တဲ့ SPF ပါဝင်တာတွေကို အခြေခံအဖြစ် ဆိုးပြီးမှ မိမိနှစ်သက်တဲ့အရောင်ပါ နှုတ်ခမ်းနီတွေကို ထပ်မံဆိုးပေးပါ။
၂။ အရောင်တောက်ပလွန်းပြီး ခြောက်သွေ့နေတတ်တဲ့ နှုတ်ခမ်းနီဆိုးဆေးတွေကို ရှောင်ပါ။ ရေဓာတ် မပါဝင်ဘဲ ခြောက်သွေ့နေတတ်တဲ့ နှုတ်ခမ်းနီကြောင့် နှုတ်ခမ်းသားကို ပိုပြီး ခြောက်သွေ့စေသလို၊ အရောင်တွေလည်း စွန်းထင်းကျန်နေစေတတ်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းဆိုးဆေးဝယ်မယ်ဆိုရင် ရေဓာတ်ပါဝင်တာကို ရွေးပါ။
၃။ နှုတ်ခမ်းသားဟာ ခြောက်သွေ့အက်ကွဲတာကြာလာရင် တင်းကျပ်တဲ့ ခံစားမှုကို ဖြစ်ပေါ်စေတာကြောင့် နှုတ်ခမ်းကို လျှာနဲ့ လျက်တက်ကြပါတယ်။ နှုခမ်းကို လျှာနဲ့လျက်လေ၊ နှုတ်ခမ်းသား ပိုပြီးခြောက်သွေ့လေပါပဲ။ ဒါကြောင့် နှုတ်ခမ်းခြောက်သွေ့တယ်လို့ ခံစားရရင်ပဲဖြစ်စေ၊ ပုံမှန်နှုတ်ခမ်းသား ပိုင်ရှင်တွေပဲဖြစ်စေ၊ နှုတ်ခမ်းကို လျှာနဲ့ယှက်တာမျိုး၊ နှုတ်ခမ်းကိုက်တာမျိုးတွေကို အထူးရှောင်သင့်ပါတယ်။
၎။ မျက်နှာအရေပြား ထိန်းသိမ်းရေးအတွက် ညတိုင်း နေ့ဘက်က လိမ်းထားတဲ့ မိတ်ကပ်တွေကို ဖျက်ကြသလို နှုတ်ခမ်းဆိုးထားတာတွေကိုလည်း အိပ်ရာမဝင်ခင်အချိန်မှာ ဖျက်သင့်ပါတယ်။
၅။ နှုတ်ခမ်းသားလေးအပေါ်ကို ထောပတ်ဆီလေး အနည်းငယ်သုံးပြီး သွေးလည်ပတ်မှုအတွက် အိပ်ရာမဝင်မီ အချိန်မျိုးမှာ နှိပ်နယ်ပေးပါ။ ညဘက် အိပ်ရာမဝင်မီ ထောပတ်ဆီကို လိမ်းကျံ ထားလိုက်ပြီး အိပ်ရာပေါ်မှာ မအိပ်ခင်အချိန်လေး သင့်လက်ချောင်းလေးတွေနဲ့ နှိပ်နယ်ပေးနိုင်ပါတယ်။
၆။ နှုတ်ခမ်းသားကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့ လက်ဖက်ထုပ်လေး ( Black Tea Bag )ကို သုံးရမှာပါ။ ရေနွေးထဲမှာ လက်ဖက်ထုပ်လေးကို စိမ်ထားလိုက်ပြီး လက်ဖက်ရည်နွေးထွေးသွားချိန်မှာ လက်ဖက်ထုပ်လေးကို နှုတ်ခမ်းသားပေါ်မှာ ငါးမိနစ်၊ ၁၀မိနစ်လောက်ကပ်ထားပေးလိုက်ပါ။ နှုတ်ခမ်းကို စိုပြည်နေစေပါတယ်။
၇။ အရေပြားမှာ ရေဓာတ်ခန်းခြောက်မှု ဖြစ်လာရင်လည်း နှုတ်ခမ်းသားတွေပါ ခြောက်သွေ့စေတဲ့အတွက် တစ်နေ့တာအတွက် လိုအပ်တဲ့ ရေပမာဏကို သောက်သုံးပေးဖို့ လိုပါတယ်။
၈။ နှုတ်ခမ်းသားကို တစ်ပတ်မှာ တစ်ကြိမ်လောက် ကြေးချွတ်သန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာကြေးချွတ်တဲ့ ပစ္စည်းကိုပဲ အသုံးပြုနိုင်ပါတယ်။ မျက်နှာကြေးချွတ်တဲ့ Facial Scrub ကို နှုတ်ခမ်းသားပေါ်မှာ ပွတ်တိုက် ကြေးချွတ်ပေးပြီး ရေနဲ့ဆေးကြောသန့်စင်ခြင်းကို တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးတာကြောင့် နှုတ်ခမ်းသားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး နှုတ်ခမ်းသားကို ကျန်းမာနေစေပါတယ်။
Ref : Good Health

No comments:

Post a Comment