f Microsoft ရဲ့ Email ၀န်ဆောင်မှုအသစ် Outlook.com | Varnak Thuthang Blogger Widgets

Varnak Thuthang Blog pin ang no in na muak si ung..... Pathian in Damnak, Tsimnak, Lawhdingnak, Thinnuamnak na pe tasen....
 

Monday, 6 August 2012

Microsoft ရဲ့ Email ၀န်ဆောင်မှုအသစ် Outlook.com

0 Midang Ruat Daan

Microsoft ဟာ သူရဲ့ ၁၆နှစ်လောက် သက်တမ်းရှိပြီဖြစ်တဲ့ Hotmail ကို အစားထိုးလဲလှယ်မယ့် outlook.com ဆိုတဲ့ mail ၀န်ဆောင်မှုအသစ်ကို စတင်လိုက်ပါပြီ။ outlook.com ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်လွှင့်တင်ခဲ့တာဖြစ်ပြီး လွှင့်တင်ချိန် နာရီအနည်းငယ်လောက်အတွင်းမှာဘဲ သုံးစွဲသူပေါင်း ၁ သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။


outlook.com

 ဒီဇိုင်း အပြင်အဆင်အသစ်

Windows Phone 7 နဲ့ Windows 8 မှာအသုံးပြုနေတဲ့ Metro Style User Interface ကိုအသုံးပြုထားတဲ့အတွက် ရှင်းလင်းသပ်ရပ်တဲ့ ဒီဇိုင်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အသုံးပြုသူတွေဟာ မိမိရဲ့ inbox ကို ကိုယ့်စိတ်ကြိုက် color theme တွေကို အသုံးပြုပြီး အလှဆင်နိုင်ပါတယ်။

Unlimited Space

outlook.com မှာ email တွေကို အတိုင်းအဆမဲ့ သိုလှောင်နိုင်ပါတယ်။ အဲဒိ့အတွက် သိုလှောင်မှုပမာဏပြည့်မှာစိုးလို့ မေးလ်အဟောင်းတွေကိုဖျက်ပစ်ရတဲ့ အလုပ်တွေ မလိုအပ်တော့ပါဘူး။

Social network များနဲ့ချိတ်ဆက်ထားနိုင်မှု

Outlook.com ရဲ့ email ၀န်ဆောင်မှုအသစ်မှာ facebook, twitter, LinkedIn, Google အစရှိတဲ့ socail network တွေနဲ့ချိတ်ဆက်ထားတဲ့အတွက် outlook.com ရဲ့ inbox ထဲကနေ facebook ရဲ့ update message တွေ၊ twitter ရဲ့ recent tweet တွေကို အလွယ်တကူဖတ်ရှုနိုင်ပါတယ်။ facebook ကသူငယ်ချင်းတွေနဲ့လည်း အလွယ်တကူ chatting လုပ်နိုင်ပါတယ်။


Microsoft ရဲ့ နာမည်ကြီး ထုတ်ကုန်များကို အသုံးပြုနိုင်မှု

Outlook.com မှာ Word, Excel, PowerPoint, OneNote အစရှိတဲ့  Office Apps တွေကို အွန်လိုင်းဗားရှင်းအနေနဲ့ အခမဲ့အသုံးပြုနိုင်မှာပါ။ သင့် mail inbox ထဲကနေ Word ဖိုင်တွေ၊ Excel ဖိုင်တွေကို ကြည့်ရှုတာ၊ ပြင်ဆင်တည်းဖြတ်တာတွေကို ပြုလုပ်နိုင်ပါတယ်။ ပြီးတော့ Outlook.com မှာ Mircrosoft ရဲ့ cloud storage ၀န်ဆောင်မှု ဖြစ်တဲ့ SkyDrive နဲ့ ချိတ်ဆက်ထားတဲ့အတွက် ဖိုင် size ကြီးကြီးတွေကို attachment ပို့လိုသူတွေအတွက် SkyDrive ကနေတဆင့် အလွယ်တကူ ပို့ဆောင်နိုင်မှာဖြစ်ပါတယ်။
Outlook.com ဟာ အခုအချိန်မှာ preview အဆင့်သာရှိနေသေးပေးမယ့် လူတိုင်းကို အသုံးပြုခွင့်ပေးနေပါပြီ။ Outlook mail ကို အသုံးပြုနိုင်ဖို့အတွက် ပထမဆုံး outlook.com ကိုသွားပြီး အကောင့်အသစ်တစ်ခု တည်ဆောက်ရပါမယ်။ ဒါမှမဟုတ် သင့်မှာ Hotmail ဒါမှမဟုတ် live mail အကောင့်ရှိတယ်ဆိုရင်တော့ သင့် Hotmail account ထဲက options ထဲကနေ Upgrade to Outlook.com ကိုရွေးချယ်ပေးခြင်းဖြင့် outlook.com ရဲ့ သန့်ရှင်းသပ်ရပ်ပြီး လှပတဲ့ Metro Style နဲ့ mail box လေးကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါကတော့ outlook.com အကြောင်းရှင်းပြထားတဲ့ ဗီဒီယိုလေးပါ။ 
YouTube Play
Ref: myanmar1

No comments:

Post a Comment