ကိုယ်လက်လှုပ်ရှားမှုနည်း ခြင်းကြောင့် သေဆုံးမှုနှုန်းသည် ဆေးလိပ်သောက်သုံးမှုကြောင့် သေဆုံးမှုနှုန်းနှင့် ဆတူဖြစ်လာနေကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။
လန်ဒန်အိုလံပစ် မကျင်းပမီ အချိန်ကိုက် ထွက်ပေါ်လာသည့် Lancet ဂျာနယ်တွင် ဖော်ပြထားသောလေ့လာမှု၌ ကမ္ဘာပေါ်ရှိ သေဆုံးသူ ၁၀ ဦးတွင်တစ်ဦးမှာ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းကြောင့် ဖြစ်ကြောင်း ဆေးလိပ်သောက်သုံးခြင်းကြောင့် သေဆုံးမှုနှုန်း၊ အ၀လွန်ခြင်းကြောင့် သေဆုံးမှုနှုန်းတို့နှင့် ဆတူဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုယ်လက်လှုပ်ရှားမှုများခြင်း၏ ကောင်းကျိုးကို ဖော်ပြကြသော်လည်း ကိုယ်လက်လှုပ်ရှားမှုနည်းလျှင် ဖြစ်လာနိုင်သည့် ပြဿနာများကိုမူ ဖော်ပြသတိပေးမှု နည်းသေးကြောင်း ကမ္ဘာတစ်ဝန်းမှ သုတေသန ပညာရှင်များ၏ လေ့လာမှုငါးခုက ဖော်ပြသည်။
လေ့လာမှုတစ်ခုတွင် အရွယ်ရောက်ပြီးသူ သုံးပုံတစ်ပုံမှာ ကိုယ်လက်လှုပ်ရှားမှု နည်းသောကြောင့် ရောဂါဘယများ ဖြစ်ပွားနိုင်ခြေမြင့်မားသည့် အန္တရာယ်ကြုံနေရကြောင်း ဖော်ပြထားသည်။ ကမ္ဘာတစ်ဝန်းတွင် နိုင်ငံဒေသပေါ်လိုက်ပြီး ကိုယ်လက်လှုပ်ရှားမှု အနည်းအများ ကွာ ဟချက်ရှိနေပြီး နိုင်ငံအများစုတွင် အမျိုးသမီးများမှာ ကိုယ်လက်လှုပ်ရှားမှု ပိုနည်းသည်ဟု ယေဘုယျပြောနိုင်ကြောင်း သုံးသပ်ခဲ့သည်။
လူအများ ကိုယ်လက်လှုပ်ရှားမှု လုပ်စေရေး စေ့ဆော်မှုများပြုလုပ်ရန် လိုအပ်သလို ကိုယ်လက်လှုပ်ရှားလုပ်နိုင်သည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန်လည်းလိုကြောင်း သုံးသပ်ထားသည်။
Ref;CNN,BBC
Ref;CNN,BBC
No comments:
Post a Comment