၁) သစ်ကြားသီးစားပြီး ကော်တီဇော ထုတ်လုပ်မှုကို လျှော့ချပါ
နေ့စဉ် သစ်ကြားသီး ကိုးလုံးစား တာကြောင့် စိတ်ဖိစီးမှုများတဲ့အခြေအ နေတွေမှာ(ဥပမာ အရေးကြီးတဲ့စကား တွေ ပြောရမယ့်အချိန်) ကော်တီဇော ထုတ်လုပ်မှု မြင့်တက်တာကို ရပ်တန့်နိုင် တယ်လို့ လေ့လာမှုအသစ်အရ တွေ့ရှိခဲ့ ပါတယ်။ သစ်ကြားသီးမှာ များစွာပါဝင် တဲ့ ALA ခေါ် Alpha Linolenic Acid တွေဟာ Adrenal Gland ကို အာဟာရ ဖြစ်စေပြီး စိုးရိမ်စိတ်များတဲ့ အခြေအနေ တွေမှာတောင် စိတ်အေးချမ်းမှုရရှိစေနိုင် ပါတယ်။ ဒါ့အပြင် နေ့စဉ် သစ်ကြားသီး စားတာကြောင့် သွေးဖိအားမြင့်တက်နိုင် ခြေ ၂၀ ရာခိုင်နှုန်း ဒါမှမဟုတ် ဒါထက် ပိုပြီး လျော့ကျနိုင်ပါတယ်။ ALA ဟာ နှလုံးသွေးကြောကို ဝန်းရံထားတဲ့ြွကက် သားတွေကျွိုနူထေ ရစေလို့ပါ။
၂) ဗီတာမင် စီကို မှန်ကန်တဲ့ ပမာဏ ရရှိအောင် မှီဝဲပါ
ဗီတာမင် စီကို နေ့စဉ် ၂၀ဝ၀ မီလီ ဂရမ် ရရှိအောင် မှီဝဲပြီး အားဆေးပုလင်း မှာ ကပ်ထားတဲ့ စာတန်းပေါ်က Bioflavoids ပါဝင်တဲ့အမျိုးအစားကို ရွေး ချယ်ပါ။ ဖိစီးမှုဟော်မုန်းထုတ်လုပ်မှု ၃၃ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ အရီဇိုး နားတက္ကသိုလ်မှ သုတေသီတွေက ဆိုပါ တယ်။ Bioflavoids တွေဟာ အပင် ပစ္စည်းတွေကို အရောင်ဖြစ်စေတဲ့ ဒြပ် ပေါင်းတွေဖြစ်ပြီး ခန္ဓာကိုယ်တွင်း ဗီတာ မင်စီနဲ့ ပူးပေါင်းလိုက်ရင် အာရုံကြော စနစ်တွေ အေးချမ်းမှုရရှိစေတယ်လို့ သုတေသီတွေက ဆိုပါတယ်။
၃) တူနာငါး များများ စားပါ
ငါးဟင်းများများစားတဲ့ လူတွေမှာ စိတ်ဖိစီးမှုများတဲ့အခြေအနေမှာတောင် နေ့စဉ် ကော်တီဇောထုတ်လုပ်မှု ၂၂ ရာ ခိုင်နှုန်း လျော့ကျနိုင်ပါတယ်။ နေ့စဉ် တူ နာ ဒါမှမဟုတ် တခြားအဆီများတဲ့ငါး ခွက်တစ်ဝက်စာ စားတာကြောင့် သုံး ပတ်အတွင်း စိတ်အေးချမ်းမှုရရှိနိုင်တယ် လို့ UCLA မှ သုတေသီတွေက တွေ့ရှိ ခဲ့ပါတယ်။ ငါးအဆီမှာ ပါဝင်တဲ့ EPA ဟာ ဦးနှောက်အတွင်းမှာ စိတ်ဖိစီးမှု လျော့ကျစေနိုင်တဲ့ ဟော်မုန်း Dopamine ထုတ်လုပ်မှုကို ကူညီနိုင်လို့ပါ။ ငါးဟင်းမကြိုက်တတ်ရင် Fish Oil ၁၀ဝ၀ မီလီဂရမ်ကို နေ့စဉ် မှီဝဲပါ။
၎) သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ
သင့်သူငယ်ချင်းတွေနဲ့ တွေ့ဆုံ စကားပြောပြီးတဲ့နောက်ပိုင်းမှာ သင်ရဲ့ စိတ်ခံစားမှု ဘယ်လောက်ကောင်းတယ် ဆိုတာကို သင်သတိထားမိမှာပါ။ သင်ရဲ့ ခန္ဓာကိုယ်မှာလည်း အကျိုးရှိပါတယ်။ တစ်ယောက်ယောက်နဲ့ မိနစ် ၂၀ လောက် အချိန်ဖြုန်းပြီး စကားပြောလိုက်တာနဲ့ သုံး နာရီလောက် ကော်တီဇောထုတ်လုပ်မှု ၆၃ ရာခိုင်နှုန်း ကျဆင်းနိုင်ပါတယ်။ တခြား လူတွေနဲ့ ဆက်သွယ်နေရတာကြောင့် သင့်ဦးနှောက်က စိတ်ဖြေလျှော့နိုင်တဲ့ ဟော်မုန်း အောက်ဆီတိုဆင် ထုတ်လုပ် မှုတွေ မြင့်တက်လာလို့ပါ။
၅) ကာဗိုဟိုက်ဒရိတ်စားချိန် အချိန်ကိုက် ဖြစ်ပါစေ
ကာဗိုဟိုက်ဒရိတ်ကို မနက်စောစော စားထားတာကြောင့် ကော်တီဇော ထုတ် လုပ်မှု ၂၀ ရာခိုင်နှုန်းခန့် ကျစေနိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ဟာ သင့်ဦးနှောက်မှ ကော်တီဇောထုတ်လုပ်မှုကို ပိတ်ပင်တဲ့ ဆီရိုတိုနင်တွေကို ထွက်ရှိလာစေနိုင်လို့ ပါ။ ဒါကြောင့် မနက် ၇ နာရီမှာ ကာဗို ဟိုက်ဒရိတ်တွေဖြစ်တဲ့ ထမင်း ဒါမှမဟုတ် ပေါင်မုန့် စားထားပါ။ စောစောပိုင်း ကာဗို ဟိုက်ဒရိတ်စားထားတာကြောင့် နေ့ခင်းပိုင်း အလုပ်များပြီး ကော်တီဇော အဆင့်တွေ မြင့်တက်လာမှုကို ကာကွယ်နိုင်ပါတယ်။
Tips
စိတ်ဖိစီးမှုကြောင့် သင့်ကျန်းမာရေးကို ထိခိုက်နေပြီလား အောက်ပါမေးခွန်းတွေထဲမှာ သုံးခု ဒါမှမဟုတ် ဒါထက်ပိုပြီးမှန်နေပါက သင့် စိတ်ဖိစီးမှုကြောင့် သင့်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။
- အံကြိတ်တာ ဒါမှမဟုတ် သွားကြိတ် တာ ဖြစ်နေသလား။
- လက်သည်းကိုက်တာ ဒါမှမဟုတ် ခဲ တံနဲ့ ဘောပင်တွေကို ကိုက်နေပါသလား။
- မကြာခဏ အပူနာ ပေါက်နေသလား ဒါမှမဟုတ် မှိုပိုးဝင်နေသလား။
- ပုံမှန်စိတ်ဓာတ်ကျနေသလား၊ စိတ် တိုနေသလား၊
- အစာစားချင်စိတ် လွန်ကဲနေတာကို မထိန်းနိုင်ဖြစ်နေသလား။
- အချိန်အများစုမှာ မောပန်းနေသလို ခံစားနေရသလား။
- ဝက်ခြံပေါက်တာ၊ ဒါမှမဟုတ် အရေ ပြားမှာ အစက်အပြောက်တွေ ဖြစ်နေပါ သလား။
- လေပွတာ၊ အစာမကြေတာ ဒါမှမဟုတ် ဝမ်းပျက်တာ မကြာခဏ ဖြစ်နေသလား။
- တခြားလူတွေထက် ပိုပြီး မကြာ ခဏ ဖျားနာနေပါသလား။
- မျက်မှောင်ကြုတ်တာ၊ နဖူးတွန့်တာ မကြာခဏ ဖြစ်နေသလား။
- အသက်မြန်မြန်ရှူနေသလား။
- မကြာခဏ အိပ်မပျော်ဖြစ်နေသလား။
- အပတ်စဉ် ခေါင်းကိုက်တတ်ပါသလား။
- မကြာခဏ သတိမေ့တတ်သလား ဒါမှ မဟုတ် အာရုံစူးစိုက်ရခက်ခဲနေသလား။
- အံကြိတ်တာ ဒါမှမဟုတ် သွားကြိတ် တာ ဖြစ်နေသလား။
- လက်သည်းကိုက်တာ ဒါမှမဟုတ် ခဲ တံနဲ့ ဘောပင်တွေကို ကိုက်နေပါသလား။
- မကြာခဏ အပူနာ ပေါက်နေသလား ဒါမှမဟုတ် မှိုပိုးဝင်နေသလား။
- ပုံမှန်စိတ်ဓာတ်ကျနေသလား၊ စိတ် တိုနေသလား၊
- အစာစားချင်စိတ် လွန်ကဲနေတာကို မထိန်းနိုင်ဖြစ်နေသလား။
- အချိန်အများစုမှာ မောပန်းနေသလို ခံစားနေရသလား။
- ဝက်ခြံပေါက်တာ၊ ဒါမှမဟုတ် အရေ ပြားမှာ အစက်အပြောက်တွေ ဖြစ်နေပါ သလား။
- လေပွတာ၊ အစာမကြေတာ ဒါမှမဟုတ် ဝမ်းပျက်တာ မကြာခဏ ဖြစ်နေသလား။
- တခြားလူတွေထက် ပိုပြီး မကြာ ခဏ ဖျားနာနေပါသလား။
- မျက်မှောင်ကြုတ်တာ၊ နဖူးတွန့်တာ မကြာခဏ ဖြစ်နေသလား။
- အသက်မြန်မြန်ရှူနေသလား။
- မကြာခဏ အိပ်မပျော်ဖြစ်နေသလား။
- အပတ်စဉ် ခေါင်းကိုက်တတ်ပါသလား။
- မကြာခဏ သတိမေ့တတ်သလား ဒါမှ မဟုတ် အာရုံစူးစိုက်ရခက်ခဲနေသလား။
TSF
No comments:
Post a Comment