Galaxy Player 5.8 ကို Samsung မိတ်ဆက်ပြသမည်
Samsung သည် ၎င်းတို့၏ထုတ်ကုန်သစ် Galaxy Player 5.8 ကို ယခုသီတင်းပတ်အတွင်း မိတ်ဆက်ပြသသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။Android 4.0 (Ice Cream Sandwich) အသုံးပြုထားသည့် Galaxy Player ကို သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၅ ရက်နေ့အထိ ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပမည့် IFA 2012 အီလက်ထရောနစ်ထုတ်ကုန် ပြပွဲတွင် မိတ်ဆက်သွား မည် ဖြစ်သည်။
Galaxy Player တွင် အဓိကအားဖြင့် ကိုရီးယားကျောင်းသားများအတွက် လေ့လာသင်ယူနိုင်မည့် ပညာရေးအထောက်အကူပြု Learning Hub software ပါရှိလာမည်ဟု သိရသည်။ IFA 2012 ပြပွဲတွင် အီလက်ထရောနစ်နှင့် မိုဘိုင်းလ်ထုတ်ကုန်များကို ကမ္ဘာကျော် ကုမ္ပဏီကြီးများက ပြသသွားမည်ဖြစ်သည်။ Samsung က မိတ်ဆက်ပြသသွားမည့် Galaxy Player 5.8 ၏ အချက်အလက်များ မှာ အောက်ပါ အတိုင်းဖြစ်သည်။
Android 4.0 (Ice Cream Sandwich), Learning Hub educational software
5.8" TFT LCD with pixel dimensions of 540x960 (190 ppi).
Front 0.3 mp camera, stereo speakers.
1 GB RAM, 16 \ 32 GB of internal storage, 32 GB microSD card slot.
Wi-Fi, Assisted GPS, Bluetooth 4.0.
2500 mAh battery.
6.5" (l) x 3.4" (w) x 0.4" (10.8 mm) (d), 221 grammes
Samsung အား Apple၏ ဒီဇိုင်းကို ခိုးယူခဲ့ကြောင်း
Samsung အား Apple၏ ဒီဇိုင်းကို ခိုးယူခဲ့ကြောင်း အမေရိကန် တရားရုံးက ဆုံးဖြတ်ချက်ချပြီးနောက် ယနေ့ စတော့ဈေးကွက်တွင် Samsung ၏ ရှယ်ယာဈေးနှုန်းများမှာ ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့သည်။ ယခုကဲ့သို့ Samsung ရှယ်ယာဈေးနှုန်း ရာခိုင်နှုန်းကြီး
မားစွာ ကျဆင်းသွားခြင်းမှာ ၄ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း AFP သတင်းက ပြောကြားသည်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားရှိ ဆန်းဂျို့စ် တရားရုံးက Saumsung အား Appl၏ ဒီဇိုင်းကို ခိုးယူခဲ့ကြောင်း ဆုံးဖြတ်၍ လျော်ကြေးငွေ ၁ ဒသမ ၀၅ ဘီလျံ ပေးလျော်ရန် ပြီးခဲ့သည့် သောကြာနေ့က စီရင်ချက်ချမှတ်ခဲ့သည်။
Apple Vs Samsung
၏ ထုတ်ကုန်များအား အမေရိကန်တွင် ရောင်းချခွင့် ပိတ်ပင်တားမြစ်ရန် တရားရုံးသို့ လျှောက်ထားလိုက်ကြောင်း သိရသည်။
Apple က အမေရိကန်တွင် ရောင်းချခွင့် ပိတ်ပင်တားမြစ်ရန် ဖော်ပြထားသော Samsung ထုတ်ကုန်များမှာ Galaxy S 4G, Galaxy S2 AT&T, Galaxy S2 Skyrocket, Galaxy S2 T-Mobile, Galaxy S2 Epic 4G, Galaxy S Showcase, Galaxy Prevail နှင့် Droid Charge တို့ဖြစ်ကြောင်း RT - Latest News က ဖော်ပြသည်။
Reff:Planet Myanmar Network
No comments:
Post a Comment