f ခေါက်ဆွဲနှင့်အသီးအရွက်စုံစွပ်ပြုတ် | Varnak Thuthang Blogger Widgets

Varnak Thuthang Blog pin ang no in na muak si ung..... Pathian in Damnak, Tsimnak, Lawhdingnak, Thinnuamnak na pe tasen....
 

Monday 1 October 2012

ခေါက်ဆွဲနှင့်အသီးအရွက်စုံစွပ်ပြုတ်

0 Midang Ruat Daan
 
Ingredients
မှိုခြောက် - ၅ ခု (ရေနွေးတွင် မိနစ်၂၀ခန့် စိမ်ထားပါ)
ရေ - ၁ လီတာနှင့် တစ်ဝက်
တရုတ်ဝုဖ်ဘယ်ရီသီး - စားပွဲတင်ဇွန်း ၁ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပဲငံပြာရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြာစွယ် - ၈ ကျပ်သားခန့်
မျှစ် - ၁၀ သားခန့် (ပြုတ်ပြီးအရှည်လိုက်ပါးပါးလှီးရန်)
ခေါက်ဆွဲခြောက် - ၁၅ ကျပ်သားခန့်
မုန်ညင်းရွက် - ၈ ကျပ်သားခန့် (အရှည်လိုက်လှီးရန်)
နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
(ဤဟင်းလျာကို မည်သည့်အသီးအရွက်နှင့်မဆို ချက်ပြုတ်နိုင်ပြီး ခေါက်ဆွဲမှာလည်း အမျိုးအစားစုံ အသုံးပြုနိုင်သည်။)
 
Directions 
 ရေစိမ်ထားသည့် မှိုခြောက်ကို ဆယ်ယူပြီး တစ်ဝက်ဖြတ်ပါ။ မှိုစိမ်ရေကို ဖယ်ထားပါ။

အိုးအကြီးတစ်လုံးတွင် ရေကို ဆူအောင်တည်ပါ။ ၀ုဖ်ဘယ်ရီသီး နှင့် မှိုခြောက်တို့ကိုထည့်၍ အဖုံးအုပ်ပြီး ၂ မိနစ်ခန့်ထားပါ။

ဆား၊ ပဲငံပြာရည်၊ သကြား၊ မျှစ် နှင့် ကြာစွယ်တို့ကိုထည့်ပါ။ အပူရှိန်လျှော့ အဖုံးအုပ်ပြီး ၃-၄ မိနစ်ခန့်ထားပါ။ ထို့နောက်ခွင်ပေါ်မှချပါ။

ခေါက်ဆွဲကို ပြုတ်ပါ။ ထို့နောက်ဆယ်ယူပြီး ရေအေးဖြင့်ဆေးပါ။ ရေစစ်ထား ပြီးနောက် ခေါက်ဆွဲကို ပန်းကန်လုံးလေးလုံး အတွင်း ခွဲထည့်ပါ။

စွပ်ပြုတ်ရည်ကို ဆူလာအောင် ပြန်တည်ပြီးနောက် မုန်ညင်းရွက်ထည့်ပါ။ ထို့နောက် ခွင်ပေါ်မှချပြီး နှမ်းဆီရောမွှေပါ။ အသီးအရွက် နှင့် အရည် မျှတစွာခပ်၍ ခေါက်ဆွဲပန်းကန်ထဲထည့်ပါ။


From : Shwe O

No comments:

Post a Comment